မင်္ဂလာပါပျိုမေတို့ရေ။ အင်္ကျီလက် ပုခုံးအောက်လျှော off shoulder လေးတွေဆိုတာ ပျိုမေတို့အတွက် မရိုးသွားဘဲ ခေတ်စားနေဆဲ ဖက်ရှင်တစ်မျိုးပါပဲနော်။ off shoulder အင်္ကျီတွေရဲ့ အားသာချက်က ခန္ဓာကိုယ်အချိုးအစားမရွေး ဝတ်လို့လှသလို လည်တိုင်လေး ကျော့ရှင်းကာ မိန်းကလေးဆန်ပြီး ဆွဲဆောင်မှုတိုးစေတာပါ။ ဒါပေမယ့် အင်္ကျီက လည်ပင်းကျယ်တာမို့ ရင်အရမ်းမဟိုက်အောင် ကိုယ့် body နဲ့ ကွက်တိဖြစ်တဲ့ size ကို ရှာဝယ်ဖို့တော့ လိုပါတယ်။ ရိုးရိုး Bra ထက် ကြိုးပျောက်လေးနဲ့တွဲဝတ်တာက လည်ပင်းညှပ်ရိုးလေးတွေက်ု ထင်းသွားစေမှာပါ။ သင်က Off shoulder တွေ ဝတ်ဖို့စဉ်းစားနေရင် အောက်မှာပြထားတဲ့ ဖက်ရှင်လေးတွေကတစ်ဆင့် Idea ယူနိုင်ပါတယ်။

နတ်သမီးလေးတစ်ပါးလို ဂန္ဒဝင်ဆန်ဆန်လှနေမယ့် ပန်းဂါဝန်လေး

Mini စကပ်တွေနဲ့ တွဲဝတ်လို့လှတဲ့ ချစ်စရာ ဒီဇိုင်းလေးတွေ

ကော်လာအကြီးလို အရှေ့တစ်ထပ်ပါတဲ့ Foldover Off Shoulder

ညို့အားပြင်းပြီး ဆွဲဆောင်မှုရှိစေမယ့် Dress လေးတွေ

ပွဲသွားပွဲလာ သင့်တော်ပြီး ဓာတ်ပုံရိုက်လို့လှမယ့် ဒီဇိုင်းလေးတွေ

ကြိုးတစ်လုံးပါတဲ့ ဒီဇိုင်းလေးတွေ

ဂျင်းဘောင်းဘီနဲ့လိုက်တဲ့ ရိုးရိုးရှင်းရှင်း လက်ဖောင်း Off Shoulder လေးတွေ

Photo Source: Pinterest

By MyStyle Myanmar