အားလုံးပဲမင်္ဂလာပါ။ သင်က အောက်တိုဘာလမှာ မွေးဖွားသူဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ အောက်တိုဘာလ မွေးဖွားသူတွေက ငြိမ်းချမ်းရေးကို မြတ်နိုးကြပြီး ကိုယ်နေတဲ့ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ကြပါတယ်။ အောက်တိုဘာလ မွေးဖွားသူတွေရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ စိတ်ကူးယဉ်ဆန်တယ်

အောက်တိုဘာလ မွေးဖွားသူတွေက Romantic ဆန်သူတွေဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လိင်ကို အလွယ်တကူဆွဲဆောင်နိုင်ကြပြီး အပြောချိုသူတွေဖြစ်ပါတယ်။ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ဒီလူကို ပိုင်ဆိုင်ဖို့ ရေဆုံးမြေဆုံး ကြိုးစားကြပါတယ်။ သူတို့ခံစားချက်က ဘယ်လောက်လေးနက်ကြောင်း သက်သေပြတတ်ပါတယ်။ အပြောကောင်းကြတာကြောင့် သင့်အနေနဲ့ အောက်တိုဘာလမွေးဖွားသူတွေကို မကြွေသွားဖို့ သတိထားသင့်ပါတယ်။ ကြွေသွားတဲ့အချိန်ဆိုရင်တော့ ဘယ်လိုမှကုမရဖြစ်တတ်ပါတယ်။ သင့်ချစ်သူက အောက်တိုဘာလ မွေးဖွားသူဆိုရင် သင်က ကံကောင်းပါတယ်။ သူတို့က သင့်ကို ထာဝရချစ်သွားမယ့်သူတွေပါ။

၂။ ငြိမ်းချမ်းရေးကိုမြတ်နိုးသူတွေ

အောက်တိုဘာ Born တွေက အေးချမ်းတာကို သဘောကျပြီး တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကို ပိုသဘောကျကြပါတယ်။ ဒီအကျင့်စရိုက်ကြောင့်သူတို့မှာ ရန်သူသိပ်မရှိတတ်ပါဘူး။ တရားမျှမျှတတ ပြုမူတတ်ကြပြီး ပတ်ဝန်းကျင်နဲ့ သင့်မြတ်အောင် နေထိုင်သူတွေဖြစ်ပါတယ်။ သူတို့က နူးညံ့ပြီး ဖော်ရွေကြပါတယ်။ စိတ်ဆိုးဒေါသထွက်တာနည်းပါးတတ်ကြပါတယ်။ အော်တာ ဒေါသထွက်တာရှားပါတယ်။

၃။ ချစ်ဖို့ကောင်းကြတယ်

လူချစ်လူခင်များအောင် နေတတ်သူတွေဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတွေဖြစ်ပါတယ်။

၄။ ဉာဏ်ပညာကြွယ်ဝကြတယ်

ကိုယ့်အနီးအနားမှာ ဘာတွေဖြစ်နေလဲ သိတတ်ကြပြီး အရာရာကို အဆင်ပြေအောင် ကြိုးစားတတ်ကြပါတယ်။ တခြားသူတွေကို ဝေဖန်တတ်သူတွေမဟုတ်တာမို့ မိတ်ဆွေကောင်းတွေလည်း ဖြစ်တတ်ကြပါတယ်။

၅။ ခရီးသွားတာကို နှစ်သက်တယ်

အောက်တိုဘာ Born တွေက ခရီးသွားရတာကို သဘောကျကြပါတယ်။

၆။ စိတ်ခံစားချက် ထိခိုက်နာကျင်လွယ်သူတွေဖြစ်ပါတယ်။ ဒါပေမယ့် ပြန်ကောင်းတာလည်း မြန်ကြပါတယ်။

သင်က အောက်တိုဘာ Born ဆိုရင်တော့ ဒီအကြောင်းအရာနဲ့ ဂုဏ်ပြုလိုက်ပါတယ်နော်။ Happy Birthday ပါနော်။

Photo Source: Pinterest

By MyStyle Myanmar