ခါးသေးတာက ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ လက်နက်တစ်ခုပါပဲ။ သင်က Crop တွေကို ယုံကြည်မှုရှိရှိ ဝတ်ချင်တယ်ဆိုရင်တော့ ခါးသေးချင်မှာပါ။ ခါးအဆီ ဗိုက်အဆီက ခန္ဓာကိုယ်အဆီထဲမှာ ချဖို့ အခက်ဆုံး ဖြစ်ပါတယ်။ တစ်ကိုယ်လုံး ကျပြီး နောက်ဆုံးမှ ခါးအဆီကျတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ရှည်ဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ အစားအသောက်နဲ့အတူ တွဲလုပ်နိုင်မယ့် ခါးအဆီကျစေမယ့် လေ့ကျင့်ခန်း (၃) ခု ကို ဖော်ပြပါရစေ။

၁။ Assisted Hip Dips

Photo Source: Pinterest

ဘယ်ဘက်တံတောင်နဲ့ ဘေးဘက်လှည့် ထောက်ပေးရပါမယ်။ ဒူးကို အားပြုကာ တင်ပါးကို အပေါ်မြှောက်ပေးရပါမယ်။ ညာဘက်ကိုလည်း ဒီလိုပဲ တစ်လှည့်စီ လုပ်ရပါမယ်။ ဘေးဘက်ေနေရာကို အားပြုရတာကြောင့် ခါးအဆီကျစေပါလိမ့်မယ်။

၂။ Cross Body Swipe

Photo Source: aFamily

Plank ကို လက်နဲ့ထောက်တဲ့ အနေအထား ထားပေးကာ ခြေထောက် တစ်ဘက်ကို ရင်ဘတ်နဲ့ နီးအောင် ရှေ့ဆွဲပေးရပါမယ်။ ဒီလိုဆွဲတဲ့အချိန် တစ်ပြိုင်နက် ခြေထောက်ကို ဆန့်ကျင်ဘက် ရင်ဘက်ဆီ လှည့်ပေးရပါမယ်။ ဒါကို ဘယ်ညာတစ်လှည့်စီ လုပ်ပေးရပါမယ်။

၃။ Side Plank Crunch

Photo Source: Gfycat

တံတောင်နဲ့ အားပြုကာ ခန္ဓာကိုယ်ကို ဘေးစောင်း တစ်ဖြောင့်တည်း ထားပေးရပါမယ်။ ပြီးနောက် ဒီအနေအထားနဲ့ အပေါ်က ခြေထောက်ကို အပေါ်ဘက် ကွေးပေးရပါမယ်။ လက်ကိုလည်း ကွေးတဲ့ ဒူးနဲ့ နီးကပ်အောင် ကွေးပေးရပါမယ်။

ဒီလေ့ကျင့်ခန်း သုံးခုကို ၄၅ စက္ကန့် စီ လုပ်ပေးရပါမယ်။ လေ့ကျင့်ခန်း သုံးခုကို ၄၅ စက္ကန့် လုပ်ပြီးနောက် မိနစ် အနည်းငယ်နားပြီး နောက်ထပ် သုံးကြော့ (စုစုပေါင်း ၄ ကြော့) လုပ်ပေးရပါမယ်။

By MyStyle Myanmar