ပွင့်လင်းရာသီကိုရောက်ရှိလာခဲ့ပေမယ့် ဂီတဖျော်ဖြေပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဝေးကွာနေဆဲဖြစ်တဲ့ ပြည်သူတွေအတွက် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ အထူးဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပွဲတော်ကြီးတစ်ခုကို ပရိသတ်တွေဆီ ယူဆောင်လာပေးခဲ့ပါတယ်။ OPPO က သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အမြဲအလေးအနက်ထား ဖြည့်ဆည်းပေးနေသလို OPPO ရဲ့ထုတ်ကုန်တွေကို အစဉ်အမြဲဝယ်ယူအားပေးနေတဲ့ OPPO ချစ်ပရိသတ်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရင်ခုန်ပျော်ရွှင်စရာအစီအစဉ်များစွာပါဝင်တဲ့ “O Fans Music Night” ပွဲတော်ကြီးကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့က ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ကိုဗစ်ကာလဖြစ်တာနဲ့အညီ “O Fans Music Night” ပွဲတော်ကြီးကို New Normal ပုံစံအသစ်ဖြင့် ဖေ့ဘွတ်ခ်ကနေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားခဲ့ပြီး အထူးလက်ဆောင်ပစ္စည်းတွေ၊ အထူးကံစမ်းမဲအစီအစဉ်တွေနဲ့ Livestream ကြည့်ရှုသူ ပရိသတ်တွေနဲ့ တစ်သားတည်း ပျော်ရွှင်စွာကျင်းပခဲ့ပါတယ်။ O fans Music Night Livestream အစီအစဉ်မှာ ပရိသတ်အချစ်တော် ပိုင်အုပ်စိုးအောင်နဲ့ ဖုန်းသီရိကျော်တို့က အစီအစဉ်တင်ဆက်သူများအနေနဲ့ ပါဝင်ခဲ့ကြပြီး OPPO မိသားစုဝင်နာမည်ကြီး အနုပညာရှင်များဖြစ်ကြတဲ့ ဝတ်မှုန်ရွှေရည်၊ ပိုင်ဖြိုးသု၊ ပိုင်တံခွန် နဲ့ အဆိုတော် ချမ်းမြေ့မောင်ချို၊ အောင်ထက်၊ ရော်ရွက်၊ ရာဝနတို့မှ “နှလုံးသားထဲက OPPO” သီချင်းအပါအဝင် ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ တေးသီချင်းများစွာကို သီဆိုဖျော်ဖြေပေးခဲ့ကြကာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဉ်များကိုလည်း O fans များနှင့် အတူ ပျော်ရွှင်စွာ ဆော့ကစားခဲ့ကြပါတယ်။

“O Fans Music Night” ပွဲတော်ကြီးရဲ့ အကြိုမိတ်ဆက်အနေနဲ့ တင်ဆက်ခဲ့တဲ့ တေးသံရှင် ရော်ရွက်နဲ့ ရာဝနတို့ ကိုယ်တိုင်ရေးစပ်သီကုံးထားပြီး ဝတ်မှုံရွှေရည်၊ ပိုင်ဖြိုးသု၊ ပိုင်တံခွန်တို့အပြင် အဆိုတော် အောင်ထက်၊ ချမ်းမြေ့မောင်ချိုတို့မှ ပူးပေါင်းပါဝင် သီဆိုပေးထားတဲ့ “နှလုံးသားထဲက OPPO” သီချင်းသစ်လေးကလည်း ပရိသတ်တွေနှလုံးသားထဲ စီးမျောဝင်ရောက်နိုင်ခဲ့သလို “နှလုံးသားထဲက OPPO” သီချင်း Music Video ကို လူပေါင်း 2 သန်းကျော် ဝင်ရောက်ကြည့်ရှုခဲ့တဲ့အထိ ပရိသတ်တွေရဲ့အားပေးနှစ်သက်မှု ရရှိခဲ့ပါတယ်။ O Fans Music Night ရက်မတိုင်မီက “နှလုံးသားထဲက OPPO Karaoke Campaign” ခေါင်းစဉ်ဖြင့် အဆိုပါ “နှလုံးသားထဲက OPPO” သီချင်းလေးကို JOOX ကနေတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ သီချင်းဆိုပြိုင်ပွဲလေးတစ်ခုကိုလည်း OPPO မှ စီစဉ်တင်ဆက်ပေးခဲ့ပါသေးတယ်။ ဒီသီချင်းဆိုပြိုင်ပွဲလေးမှာ စိတ်ဝင်တစား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ၃၉ ယောက်အထိရှိခဲ့ပြီး Facebook ကနေ ဝင်ရောက်ယှဉ်ပြိုင်သူ ၁၃ ယောက် အထိရှိခဲ့ပါတယ်။

ပြိုင်ပွဲဝင်တွေထဲကမှ ဆုရရှိခဲ့ကြသူတွေအနေနဲ့ O Fans Music Night အထူးဖျော်ဖြေရေးအစီအစဉ်မှာ ပါဝင်ခွင့်ရရှိခဲ့ကြပြီး ပထမဆုရရှိခဲ့တဲ့ ကိုညီဖြိုးအား တေးသံရှင် ရော်ရွက်နဲ့ ရာဝနတို့က OPPO F17 ဆုလက်ဆောင် ချီးမြှင့်ပေးအပ်ခဲ့ကာ တေးသံရှင် ရော်ရွက်နဲ့ ရာဝနတို့နဲ့ အတူတွဲသီဆိုဖျော်ဖြေ ခွင့်ရရှိခဲ့ပါတယ်။ ဒုတိယဆုကို ကိုဆတင်အောင်ထွေး နှင့် တတိယဆုကို Htee Eh တို့မှ အသီးသီးဆွတ်ခူးရရှိခဲ့ပြီး OPPO Enco W11 ၁ လုံးစီ ချီးမြင့်ပေးခဲ့ပါတယ်။ နှလုံးသားထဲက OPPO သီချင်းနဲ့ JOOX မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆုအနိုင်ရရှိခဲ့တဲ့ ကိုညီဖြိုး မှ “ကိုရော်ရွက်နဲ့ ကိုရာဝနတိုနဲ့ အတူတူတွဲဆိုခဲ့ရတဲ့အတွက် ကျွန်တော် အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ အခုလို ပွဲမျိုးလေးဖြစ်လာတယ်ဆိုတာ OPPO ရဲ့ ကျေးဇူးအများကြီးပါ ပါတယ်။ ကျွန်တော်တိုလို တက်သစ်စလူငယ်တွေအတွက် အခွင့်အရေးအများကြီးပိုရတဲ့ ပွဲလေးပါ။ နောက်လဲ အခုလိုပွဲမျိုး အများကြီး စီစဉ်တင်ဆက်ပေးနိုင်ပြီးတော့ OPPO မိသားစုမှလည်း ဒီထက်မက တိုးတက်အောင်မြင်ပါစေလို ကျွန်တော်ညီဖြိုးကနေပြီး‌တော့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဆိုတဲ့ ဝမ်းသာပီတီစကားလေးကိုလည်း ပြောကြားသွားခဲ့ပါတယ်။

O fans Music Night တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို စိတ်ဝင်တစား ဝင်ရောက်ကြည့်ရှုပြီး Livestream မှာ မေးခွန်းလေးတွေ အားတက်သရော ပါဝင်ဖြေဆိုခဲ့ကြတဲ့ OPPO ချစ်ပရိသတ်တွေအနေနဲ့ OPPO F17 Pro နဲ့ OPPO Enco W11 ၅ လုံး တို့ကို ကံထူးပိုင်ဆိုင်ခွင့် ရခဲ့ကြပါတယ်။ ဒါတင်မကသေးပါဘူး Livestream ကြည့်ရှုသူ 2K မှစတင်ပြီး Viewer 1 K တက်တိုင်း ၁၀,၀၀၀ ကျပ်တန် phone bill ၁၀ ခု မဲဖောက်ပေးတဲ့ Peakviewer Challenge အစီအစဉ် နဲ့ Livestream ကို Share လုပ်သူ 1K တိုးသွားတိုင်း ၁၀,၀၀၀ ကျပ်တန် phone bill ၁၀ ခု မဲဖောက်ပေးတဲ့ LIVE Share Challenge အစီအစဉ်များဖြင့်လည်း ဖုန်းဘေလ်တွေအများကြီးကို သုံးစွဲသူ OPPO ချစ်ပရိသတ်တွေထံ ရင်ခုန်ပျော်ရွှင်စွာ မဲဖောက်ပေးခဲ့ပါတယ်။ ဒီလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်ပေါင်းများစွာနဲ့ O fans Music Night Livestream ကို မြန်မာနိုင်ငံတဝန်းမှ OPPO ချစ်ပရိသတ် ၈၆၀၀ က ဝင်ရောက်ကြည့် ရှုခဲ့ကြပြီး Livestream အပြီးမှာ ကြည့်ရှုသူစုစုပေါင်း ၅ သိန်းကျော် အထိရှိခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ OPPO ချစ်ပရိသတ်တွေ လုံးဝလက်မလွှတ်သင့်တဲ့ OPPO ရဲ့ Super Super Super Sales Promotion အစီအစဉ်ကြီးကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။ Super Super Super Sales Promotion အစီအစဉ်ဆိုတာကတော့ ဒီဇင်ဘာလအတွင်းမှာ OPPO F17၊ OPPO F17 Pro နဲ့ Reno4 ဝယ်ယူတဲ့ သူတွေအတွက် ကျပ် ၃၅,၀၀၀ တန်ဖိုးရှိ OPPO Enco W11 ကို အထူးလက်ဆောင်အနေနဲ့ ရယူ ပိုင်ဆိုင်နိုင်မှာ ဖြစ်တဲ့အပြင် တခြား OPPO ဖုန်းဝယ်ယူသူတွေအတွက် ကျပ် ၄,၅၀၀,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ်တွေကို ကံထူးပိုင်ဆိုင်နိုင်မှာ ဖြစ်တာကြောင့် Promotion ကာလမကုန်ခင် အမြန်ဆုံး ပြေးဝယ်ထားကြဖို့ တိုက်တွန်းရင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။