သင်က Street Style ကို သဘောကျပြီး Instagram လည်းသုံးတယ်ဆိုရင် အခုပြောပြမယ့် Instagram အကောင့်တွေကို Follow လုပ်ထားလိုက်ပါ။ အမိုက်စား ထူးခြားဆန်းပြားတဲ့ Street Style ဖက်ရှင်ဒီဇိုင်းပုံစံကို ဖန်တီးကြတဲ့ Instagram အကောင့်တွေမလို့ သူတို့ရဲ့ Instagram က Street Style ကို သဘောကျတဲ့ သင့်အတွက် အထောက်အကူဖြစ်မှာပါ။

1. @Monikh

အံဝင်ခွင်ကျရှိတဲ့ ကုတ်အကျီတွေ ၊ blazer တွေနဲ့ လက်တွေ့ကျတဲ့ စတိုင်လ်ဝတ်စားဆင်ယင်မှုနည်းလမ်းတွေကို သူ့ဆီမှာ တွေ့နိုင်ပါတယ်။

2. @double3xposure

Reese နဲ့ သူ့ညီမ Molly တို့က ဆိုရှယ်မီဒီယာမှာ နှစ်ပေါင်းများစွာ ဖက်ရှင်ပွဲတွေ လုပ်ခဲ့ကြသူတွေပါ။

3. @alexachung

Jane Birkin မှ Patti Smith တို့ရဲ့စတိုင်တွေကို ရောထားတာကို သူမရဲ့ Instagram မှာ တွေ့ရမှာပါ။

4. @lucywilliams02

Lucy Williams က British ရဲ့ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေရဲ့ ဘုရင်မလို့တောင် တင်စားခံရသူပါ။

5. @matildadjerf

သူမရဲ့ street style က တကယ်ကို လိုချင်တပ်မက်စရာကောင်းတဲ့အပြင် သူမရဲ့ကိုယ်ပိုင်ဖက်ရှင်တံဆိပ်ဖြစ်တဲ့ Djerf Avenue ကို တည်ထောင်ခဲ့သူပါ။

6. @lefevrediary

Amy Julliette Lefévre ဆိုတာက street style အနေအထားကို လုံးဝပိုင်နိုင်တဲသူပါ။

7. @camillecharriere

Camille Charriere ဆိုတာက ညအိပ်ဝတ်စုံဝတ်ပြီး လမ်းပေါ်ထွက်လို့ရတဲ့ မိန်းကလေးမျိုးပါ။ ကြိုက်တဲ့ ၀တ်စုံတိုင်းကို လိုက်လျောညီထွေဖြစ်အောင် အမြဲစီမံတတ်သူပါ။

8. @stephaniebroek

Stephanie Broek ကတော့ denim bustier ဝတ်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့သူတစ်ယောက်ပါ။ သူမရဲ့စတိုင်က Stotorial ရွေးချယ်မှုများမှာ ပိုမိုစွန့်စားလာဖို့ တွန်းအားပေးပါတယ်။

9. @greceghanem

စတိုင်လ်ကျကျနဲ့ မက်မောဖွယ်ကောင်းတဲ့ Street Style အတွက်ဆို အသင့်တော်ဆုံးက Grece Ghanem ပါ။

10. @aminamuaddi

အမြဲတမ်းလိုလို ဒေါက်ဖိနပ်နဲ့ပက်သတ်ရင် Amina Muaddi ရဲ့ Street Style က သူများနဲ့မတူဘဲ ကွဲထွက်နေတတ်ပါတယ်။