ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့သူတွေအတွက် လတ်တလောခေတ်စားနေတဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ့်ဖက်ရှင်ကိုပေါ်လွင်စေမယ့် ပို့စ်ပေးနည်းတွေလည်း ဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေကတော့ ပိုပြီးသဘောကျမှာ သေချာပါတယ်။

ဖက်ရှင်အမိုက်စားလေးတွေ ဝတ်ထားတဲ့အခါမှာ ဒီလိုမျိုးပို့စ်ပေးရိုက်ကြည့်ပါ။ ဒီပို့စ်ဆိုရင် ၂၀၂၁ မှာ အရမ်းခေတ်စားနေတဲ့ ပို့စ်ပေးနည်းလို့တောင် ပြောလို့ရပါတယ်။ အရမ်းမိုက်ပါတယ်။

ဘောင်းဘီရှည်ဝတ်ထားတဲ့နေ့တွေမှာ ဓာတ်ပုံရိုက်ရင် မျက်မှန်တပ်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ မိုက်လည်းမိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။

ခြေထောက်တစ်ဖက်ကွေးပြီး မြှောက်ထားတဲ့ပို့စ်မျိုး အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာပါ။ ဆံပင်ကို ကလစ်နဲ့လှန်တင်ထားပြီး ဒီလိုမျိုးပို့စ်ပေးမယ်ဆိုရင်တော့ အခု trends ဖြစ်နေပုံနဲ့ ကွက်တိပါပဲ။

ခုံတန်းရှည်တွေမှာ ထိုင်ပြီးဓာတ်ပုံရိုက်ရင် ဒီလိုမျိုးလေးပို့စ်ပေးရိုက်ကြည့်ပါ။ ပုံမှန်ထက်ပိုပြီး အရပ်ရှည်သလို ဖြစ်သွားစေပါတယ်။

ထိုင်ခုံမှာ ဒီလိုခြေထောက်ချိတ်ထိုင်တဲ့ပုံလေးတွေဆိုလည်း အရမ်းမိုက်တဲ့ပို့စ်ပေးနည်းပါ။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်နော်။

ဂါဝန်လေးတွေဝတ်ပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် ဒီလိုပို့စ်ပေးကြည့်ပါ။ အခုနောက်ပိုင်းခေတ်စားနေတဲ့ ပုံစံလေးဆိုလည်း မမှားပါဘူး။

ဒီဖက်ရှင်လေးဆိုရင် ၂၀၂၁ မှာ အရမ်းခေတ်စားနေတဲ့ ဖက်ရှင်ပါ။ ဒီလိုဖက်ရှင်လေးဝတ်ထားပြီး ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးပေးပြီး ရိုက်ကြည့်ပါ။ အထာကျပြီး မိုက်ပါတယ်။

ကိုယ်ဝတ်ထားတဲ့အဝတ်အစားနဲ့ အိတ်ကို အသားပေးပြီးရိုက်ချင်ရင် ဒီလိုမျိုးလေးသာ ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ခပ်မိုက်မိုက်ဖက်ရှင်လေးတွေ boy type ဖက်ရှင်လေးတွေ ဝတ်ထားပြီဆိုရင်တော့ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ မျက်မှန်တပ်ပြီးရိုက်မယ်ဆိုရင် ပိုမိုက်ပါတယ်။

ခပ်မိုက်မိုက်ဖက်ရှင်လေးတွေကို freestyle ဝတ်ထားပြီဆိုရင် ခုံမှာထိုင်ရိုက်တဲ့အခါ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။

photo source:www.pinterest.com