အကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲသွားကြတဲ့အတွဲတွေထဲမှာမှ ပြန်ပေါင်းထုပ်သင့်တဲ့ အခြေအနေနဲ့ ရည်းစားဟောင်းတွေ ရှိသလို ပြန်လာရင်တောင် လုံးဝကို ပြန်တွဲဖို့ မစဉ်းစား သင့်တဲ့ အခြေအနေနဲ့ ရည်းစားဟောင်းတွေလည်း ရှိပါတယ်။ ကိုယ်တိုင်လည်း ကိုယ့်ရည်းစားဟောင်းတစ်ယောက်ယောက်က ပြန်လာချင်လို့ ဆက်သွယ်လာတဲ့အခါ ကိုယ်မချစ် တော့ရင်တော့ အပြတ်ငြင်းလိုက်ရုံပဲဆိုပေမယ့် ကိုယ့်ဘက်က စိတ်မပြတ်နိုင်သေးတဲ့အခါ ဘယ်လိုစဉ်းစားရမလဲမသိရင် ဒီအချက်တွေနဲ့ ပြန်သုံးသပ်ကြည့်လို့ရပါတယ်။

သစ္စာမရှိခဲ့တဲ့သူ

ကိုယ့်အပေါ်သစ္စာမရှိခဲ့တဲ့သူ၊ ကိုယ်နဲ့တွဲနေရင်း ဖောက်ပြန်သွားတဲ့သူကို ပြန်တွဲမယ်ဆိုရင်တော့ နောက်တစ်ကြိမ်ထပ်ပြီး ဖောက်ပြန်တာမခံရဘူးလို့ မပြောနိုင်ပါဘူး။ ဖောက်ပြန်တယ်ဆိုတာ သိလိုက်ရကတည်းက ဒီလူကို ကိုယ့်ဘဝထဲက ထုတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူ

ကိုယ်နဲ့တွဲလာတဲ့တောက်လျှောက် သူ့အတွက်ပဲသူကြည့်ပြီး သူလုပ်ချင်တာတွေကိုပဲ လုပ်သွားတယ်။ ကိုယ့်ဘက်ကို နည်းနည်းလေးတောင်မကြည့်ဘူး၊ ကိုယ်ခံစားရတာတွေလည်း ဂရုမစိုက်ဘူးဆိုရင် ဒီလိုလူမျိုးကြောင့် အမြဲနာကျင်ခံစားနေရမှာ၊ စိတ်တိုဒေါသထွက်နေရမှာပါ။ ပြတ်သွားပြီးတာတောင် နောက်တစ်ခေါက် ပြန်တွဲမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို နာကျင်ရအောင် ထပ်လုပ်မှာနဲ့တူတူပါပဲ။

ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့သူ

အိမ်ထောင်သည်ဘဝမှာတောင် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးကြောင့် ကွာရှင်းပြတ်စဲတာတွေ အများကြီးရှိပါတယ်။ ရည်းစားဘဝမှာထဲက ကိုယ်ထိလက်ရောက် ကျူးလွန် တာတွေ လုပ်နေမယ်ဆိုရင် ဒီလူနဲ့ဆက်မတွဲတော့တာက ကိုယ့်အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားပြီဆိုရင် ကိုယ့်အတွက် လွတ်မြောက်သွားပြီလို့ သတ်မှတ် ရမှာပါ။ အဲ့တာကို နောက်တစ်ကြိမ်ထပ်တွဲဖို့ဆိုတာတော့ အရမ်းချစ်ရင်တောင် မစဉ်းစားသင့်ပါဘူး။

နောက်ကွယ်မှာမကောင်းကြောင်းတွေပြောတဲ့သူ

ကိုယ်နဲ့ပြတ်သွားပြီး ကိုယ့်နောက်ကွယ်မှာ ကိုယ့်မကောင်းကြောင်းတွေ၊ ဟုတ်တာတွေရော မဟုတ်တာတွေရော မျိုးစုံအပုပ်ချပြီး လျှောက်ပြောတဲ့သူမျိုးနဲ့ လက်မတွဲသင့်ပါဘူး။ တကယ်ချစ်တယ်ဆိုရင် ဒီလိုမျိုးတွေ ပြောမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုလူမျိုးကို ပြန်တွဲဖို့ လုံးဝမစဉ်းစားသင့်ပါဘူး။