ကိုယ်အလေးချိန်ကျဖို့ မျှော်လင့်ချက်အပြည့်နဲ့ Gym မှာဆော့နေပေမယ့် ရက်သတ္တပတ်ကြာအောင် လေ့ကျင့်ခန်းလုပ်ပြီးတာတောင်မှ ဝိတ်မကျသေးဘူးဆိုရင် တခုခုတော့မှားနေလို့ ။ ဒီမှားတဲ့အချက်တွေကို လုပ်မိနေလားဆိုတာ ပြန်စစ်ကြည့်ပါ။

အစားအသောက်ပုံစံမမှန်တာ

 

ကိုယ်အလေးချိန်ကျဖို့ အစားအသောက် စနစ်တကျနဲ့ ကောင်းကောင်းစားရင် ကယ်လိုရီပမာဏ အတော်အတန် လျှော့ချနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းကို ဆက်လုပ်ပါ။ ဒါပေမယ့် အစားအသောက်ကိုလည်း သေချာစားပေးပါ။

Cardio ချည်းဆော့တာ

တချို့က ကယ်လိုရီများများ လောင်ကျွမ်းစေဖို့ Cardio ချည်း ဖိဆော့တတ်ကြပါတယ် ။ ဖြစ်သင့်တာက Cardio အတွက် ဆော့ချိန်က 25-45 မိနစ်ဖြစ်သင့်ပြီး သိသာတဲ့ရလဒ်တွေရဖို့ တခြားလေ့ကျင့်ခန်းများနဲ့ Cardio ပေါင်းဆော့ပါ။

ကယ်လိုရီများတဲ့အစားအစာတွေစားတာ

လူတော်တော်များများ လုပ်မိတဲ့ အမှားတစ်ခုကတော့ Gym မှာဆော့ပြီးတာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားလေ့ရှိပါတယ်။ ဒါတွေက ကယ်လိုရီများစွာကို ခန္ဓာကိုယ်ထဲ ပြန်ရောက်စေတာမလို့ ဝိတ်မကျတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။

နားရက်မယူဘဲဆော့တာ

နောက်အကြောင်းရင်းတစ်ခုက နားရက်မယူဘဲ ဆော့တာပါ။ ခန္ဓာကိုယ်က ကြွက်သားတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် အနားယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ၄ ရက်၊ ၅ ရက်လောက် Gym သွားပြီး အနည်းဆုံး ၂ ရက်လောက် အနားယူပါ။

ကိုယ်ဟန်အနေအထားမမှန်တာ

ဆော့တဲ့အခါ ကိုယ်ဟန်အနေအထားမမှန်တာ နည်းလမ်းမမှန်တာတွေက ဝိတ်ကျဖို့ခက်ခဲစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းတစ်ခုခုကို ကျပန်းလုပ်မယ့်အစား မှန်ကန်တဲ့နည်းစနစ်နဲ့ လေ့ကျင့်ခန်းပုံစံကို သင်ယူပါ။

ပရိုတင်းဓာတ် မလုံလောက်တာ

ပရိုတင်းဓာတ်က ဗိုက်ဆာတာကိုထိန်းချုပ်ပေးနိုင်သလို ကြွက်သားတည်ဆောက်ဖို့အတွက်လည်း မရှိမဖြစ်လိုအပ်တာမလို့ နေ့စဉ်စားသောက်မှုမှာ ပရိုတင်းဓာတ်လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။

ရေမသောက်တာ

ရေက အစာစားချင်စိတ်ကို ထိန်းညှိပေးတဲ့ ကယ်လိုရီမပါတဲ့ အချိုရည်တစ်မျိုးပါ။ ဒါကြောင့် အားကစားလုပ်ချိန်အတွင်း ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် တတ်နိုင်သမျှ ရေများများသောက်ပေးပါ။