[Zawgyi]

တခ်ိဳ႕ မိန္းကေလးေတြဆိုရင္ မိန္းကေလးဆန္တဲ့ဖက္ရွင္မ်ိဳးေတြနဲ႔ Cute Type ဖက္ရွင္ေတြကို ၀တ္ရတာမႏွစ္သက္ၾကပါဘူး။ ဒီလိုမိန္းကေလးဆန္ဆန္၀တ္ရတာကို မႀကိဳက္တဲ့သူေတြအတြက္ ေပါ့ေပါ့ပါးပါးနဲ႔ ဖက္ရွင္က်ေနေစမယ့္ ဒီဇိုင္းေလးေတြကို ေရြးခ်ယ္ေပးလိုက္ပါတယ္။

အခုေနာက္ပိုင္းမွာ အရမ္းေခတ္စားလာတဲ့ Tee အပြေလးကိုမွ အစင္းေလးေတြနဲ႔လည္း ရွိပါတယ္။ ဒီလို Tee အစင္းေလးေတြကို ဂ်င္းေဘာင္းဘီရွည္ေလးေတြနဲ႔ တဲြ၀တ္တာက ေပါ့ပါးမႈရွိေစသလို ဖက္ရွင္လည္းက်ေစပါတယ္။

Tee အပြေလးေတြကိုမွ ဂ်င္းေဘာင္းဘီရွည္ေလးေတြနဲ႔တဲြ၀တ္လို႔လည္း ရပါေသးတယ္။ ဒီဖက္ရွင္ေလးက မိန္းကေလးဆန္ဆန္၀တ္ရတာမႀကိဳက္တဲ့သူေတြနဲ႔ အရမ္းအဆင္ေျပတဲ့ဖက္ရွင္ေလးျဖစ္တဲ့အျပင္ ၀တ္ရတာလည္း ေပါ့ပါးၿပီး သက္ေတာင့္သက္သာရွိေစပါတယ္။

Hoodie ေလးေတြကို ေဘာင္းဘီတိုနဲ႔တဲြမ၀တ္ဘဲ ဂ်င္းေဘာင္းဘီရွည္ေလးေတြနဲ႔ တဲြ၀တ္ၿပီး Sneakers ေလးသာစီးလိုက္မယ္ဆိုရင္ေတာ့ အရမ္းမိုက္ၿပီး ေပါ့ပါးမႈရွိေစမယ့္ဖက္ရွင္ေလး ျဖစ္သြားမွာပါ။ ဒီဖက္ရွင္ေလးကေတာ့ ေဆာင္းတြင္း၊ မိုးတြင္းနဲ႔ ခရီးသြားတဲ့အခါမ်ိဳးမွာ လိုက္ဖက္တဲ့ဖက္ရွင္ေလးပါ။

ရိုးရိုး Tee ေလးေတြကို Skinny ေလးေတြနဲ႔တဲြ၀တ္ၿပီး Sneakers ေလးေတြစီးတဲ့ဖက္ရွင္ကလည္း ဘယ္ေတာ့မွရိုးမသြားတဲ့ဖက္ရွင္ေလးပါ။

ေနာက္တစ္မ်ိဳးအေနနဲ႔ ခပ္မိုက္မိုက္ Tee ေလးေတြကို ဂ်င္းေဘာင္းဘီထဲထည့္၀တ္ၿပီး အေပၚကေန Flannel ေလးေတြ ထပ္၀တ္လို႔လည္း ရပါေသးတယ္။ ဒါေလးကလည္း ဖက္ရွင္က်က်နဲ႔ မိုက္ေနေစမွာ ေသခ်ာပါတယ္။

ရိုးရိုး Tee ေလးေတြကို အခုေနာက္ပိုင္းမွာေခတ္စားလာတဲ့ ေဘာင္းဘီအပြေလးေတြနဲ႔ တဲြဖက္၀တ္ဆင္ၿပီး Sneakers ေလးသာစီးလိုက္မယ္ဆိုရင္ေတာ့ ကိုရီးယားမေလးေတြလို စတိုင္လ္က်ၿပီး မိုက္ေနမွာပါ။ ဒါကေတာ့ အခုေနာက္ပိုင္းမွာေခတ္စားလာတဲ့ ဖက္ရွင္ေလးတစ္ခုပါ။

ေနာက္ဆံုးအေနနဲ႔ မိန္းကေလးဆန္တာကိုမႀကိဳက္တဲ့သူေတြအတြက္ Tee အပြေတြကို ေဘာင္းဘီအနက္အပြေလးေတြနဲ႔ တဲြဖက္၀တ္ဆင္လို႔လည္း ရပါတယ္။ ဒါကေတာ့ ၀တ္ရတာ အရမ္းကိုေပါ့ပါးမႈရွိေစတဲ့အျပင္ ရာသီဥတုနဲ႔လည္း ကိုက္ညီမႈရွိတဲ့ ဖက္ရွင္ေလးပါ။

Photo Source: Pinterest

[Unicode]

တချို့ မိန်းကလေးတွေဆိုရင် မိန်းကလေးဆန်တဲ့ဖက်ရှင်မျိုးတွေနဲ့ Cute Type ဖက်ရှင်တွေကို ဝတ်ရတာမနှစ်သက်ကြပါဘူး။ ဒီလိုမိန်းကလေးဆန်ဆန်ဝတ်ရတာကို မကြိုက်တဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျနေစေမယ့် ဒီဇိုင်းလေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့ Tee အပွလေးကိုမှ အစင်းလေးတွေနဲ့လည်း ရှိပါတယ်။ ဒီလို Tee အစင်းလေးတွေကို ဂျင်းဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်တာက ပေါ့ပါးမှုရှိစေသလို ဖက်ရှင်လည်းကျစေပါတယ်။

Tee အပွလေးတွေကိုမှ ဂျင်းဘောင်းဘီရှည်လေးတွေနဲ့တွဲဝတ်လို့လည်း ရပါသေးတယ်။ ဒီဖက်ရှင်လေးက မိန်းကလေးဆန်ဆန်ဝတ်ရတာမကြိုက်တဲ့သူတွေနဲ့ အရမ်းအဆင်ပြေတဲ့ဖက်ရှင်လေးဖြစ်တဲ့အပြင် ဝတ်ရတာလည်း ပေါ့ပါးပြီး သက်တောင့်သက်သာရှိစေပါတယ်။

Hoodie လေးတွေကို ဘောင်းဘီတိုနဲ့တွဲမဝတ်ဘဲ ဂျင်းဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်ပြီး Sneakers လေးသာစီးလိုက်မယ်ဆိုရင်တော့ အရမ်းမိုက်ပြီး ပေါ့ပါးမှုရှိစေမယ့်ဖက်ရှင်လေး ဖြစ်သွားမှာပါ။ ဒီဖက်ရှင်လေးကတော့ ဆောင်းတွင်း၊ မိုးတွင်းနဲ့ ခရီးသွားတဲ့အခါမျိုးမှာ လိုက်ဖက်တဲ့ဖက်ရှင်လေးပါ။

ရိုးရိုး Tee လေးတွေကို Skinny လေးတွေနဲ့တွဲဝတ်ပြီး Sneakers လေးတွေစီးတဲ့ဖက်ရှင်ကလည်း ဘယ်တော့မှရိုးမသွားတဲ့ဖက်ရှင်လေးပါ။

နောက်တစ်မျိုးအနေနဲ့ ခပ်မိုက်မိုက် Tee လေးတွေကို ဂျင်းဘောင်းဘီထဲထည့်ဝတ်ပြီး အပေါ်ကနေ Flannel လေးတွေ ထပ်ဝတ်လို့လည်း ရပါသေးတယ်။ ဒါလေးကလည်း ဖက်ရှင်ကျကျနဲ့ မိုက်နေစေမှာ သေချာပါတယ်။

ရိုးရိုး Tee လေးတွေကို အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ ဘောင်းဘီအပွလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပြီး Sneakers လေးသာစီးလိုက်မယ်ဆိုရင်တော့ ကိုရီးယားမလေးတွေလို စတိုင်လ်ကျပြီး မိုက်နေမှာပါ။ ဒါကတော့ အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ ဖက်ရှင်လေးတစ်ခုပါ။

နောက်ဆုံးအနေနဲ့ မိန်းကလေးဆန်တာကိုမကြိုက်တဲ့သူတွေအတွက် Tee အပွတွေကို ဘောင်းဘီအနက်အပွလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လို့လည်း ရပါတယ်။ ဒါကတော့ ဝတ်ရတာ အရမ်းကိုပေါ့ပါးမှုရှိစေတဲ့အပြင် ရာသီဥတုနဲ့လည်း ကိုက်ညီမှုရှိတဲ့ ဖက်ရှင်လေးပါ။

Photo Source: Pinterest