သင်က ညဘက် အိပ်မပျော်လို့ပဲ ဖြစ်ဖြစ်၊ အိပ်ချိန် မလုံလောက်တာကြောင့်ဘဲ ဖြစ်ဖြစ် ဒီလိုအချိန်မှာ အသားအရေကို ဂရုစိုက်သင့်ပါတယ်။ စိုပြေတောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ အိပ်ချိန်မှန်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရေးမဝတဲ့အခါ အသားအရေအတွက် လိုအပ်တဲ့ Collage ထုတ်လုပ်မှု လျော့နည်းလာစေပါတယ်။ အသားအရေ ခြောက်သွေ့စေပါတယ်။ ဒီတော့ အိပ်ချိန်မမှန်တဲ့ မိန်းကလေးတွေ အတွက် အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲ ကြည့်လိုက်ရအောင်နော်-

၁။ အသားအရေကို အာဟာရဓာတ်ဖြည့်ပေးပါ

အိပ်ချိန်မမှန်တာကြောင့် အသားအရေရဲ့ pH အဆင့်ကို မညီမျှဖြစ်စေပြီး ဘတ်တီးရီးယား ဝင်ရောက်လာဖို့ အားပေးတတ်ပါတယ်။ ဒါကြောင့် pH Level ကို ထိန်းညှိပေးမယ့် Gentle Cleanser ကို သုံးသင့်ပါတယ်။ အစိုဓာတ်ထိန်းခရင်ကို အသားအရေထဲ စိမ့်ဝင်အောင် သေချာလေး လိမ်းပေးသင့်ပါတယ်။

၂။ ချေးချွတ်ပါ

အိပ်ရေးမဝတဲ့အခါ အသားအရေပေါ်က ဆဲလ်သေတွေက လွယ်လွယ်နဲ့ မကွာနိုင်ဘဲ အသားအရေ မွဲခြောက်စေပါတယ်။ ဒီလိုအချိန်မှာ ချေးချွတ်ပေးသင့်ပါတယ်။ Chemical Exfoliant တွေဖြစ်တဲ့ Salicylic acid ဒါမှမဟုတ် Glycolic Acid ကိုသုံးပြီး ချေးချွတ်နိုင်ပါတယ်။ Retinol ပါဝင်တဲ့ Skincare တွေကလည်း အိပ်ရေးပျက်တဲ့ အသားအရေအတွက် သင့်တော်ပါတယ်။ Facial Scrub တွေ Brush တွေ သုံးပြီးလည်း ဆဲလ်သေ ဖယ်ရှားနိုင်ပါတယ်။

၃။ မျက်လုံးအတွက်

အိပ်ချိန်မမှန်တဲ့အခါ မျက်လုံးအောက် အသားအရေ နုနုလေးတွေ ထိခိုက်လာတတ်ပါတယ်။ ဒီအတွက် သခွားသီးကပ်တာ၊ လက်ဖက်စိမ်းခြောက်အိတ်ကို ၃ မိနစ်ကနေ ၁၀ မိနစ်ခန့် ကပ်တာတွေ လုပ်နိုင်ပါတယ်။ အအေးခံထားတဲ့ ဇွန်းနဲ့လည်း မျက်လုံးအောက်ကို နှိပ်နယ်ပေးနိုင်ပါတယ်။

၄။ မျက်နှာကို နှိပ်နယ်ပေးပါ

အိပ်ရေးမဝတာကြောင့် စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေ ဖြန့်ချီပေးပါတယ်။ ဟော်မုန်းမြင့်လာတဲ့အခါ ညဘက် ပိုအိပ်မပျော်ဖြစ်တတ်ပါတယ်။ ဒီလိုစိတ်ဖိစီးတဲ့အခါ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ ခဏ အနားယူဖို့လိုပါတယ်။ ဆိုင်သွားပြီး မျက်နှာ နှိပ်နယ်တာ ဒါမှမဟုတ် ကိုယ့်ဘာကိုယ် နှိပ်နယ်ပေးတာ လုပ်သင့်ပါတယ်။

၅။ ဟန်ဆောင်ပါ

စိုပြေတဲ့ အသားအရေကို ရချင်ပေမယ့် အိပ်ချိန်မမှန်တာကြောင့် အသားအရေ မကောင်းတဲ့အခါ ကောင်းတဲ့ပုံစံ ဟန်ဆောင်သင့်ပါတယ်။ မျက်ကွင်းညိုရင် Concealer လိမ်းတာ၊ အသားအရေ မွဲခြောက်တာကို ဖောင်ဒေးရှင်းနဲ့ ဖုံးကွယ်တာ စတာတွေ ပြုလုပ်နိုင်ပါတယ်။

၆။ အိပ်ချိန်ပြည့်အောင် ကြိုးစားပါ

လောကဓံ အခက်အခဲတွေ ကြုံတဲ့အချိန် ဘယ်သူမှ ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်အရာပဲ ဖြစ်ဖြစ် တစ်ချိန်မှာ ပြီးဆုံးသွားမယ့် အရာတွေချည်းပါပဲ။ ဒါကြောင့် စိတ်ပူတတ်လွန်းရင်တောင် ပြီးဆုံးသွားမှာပဲ ဆိုတဲ့ စိတ်နဲ့ အိပ်ချိန် မှန်အောင် ကြိုးစားကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar