ဆံကေသာကျန်းမာသန်းစွမ်းဖို့ဆိုတာ ဦးရေပြား ကျန်းမာသန်စွမ်းနေဖို့လိုပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာဟာ မိန်းကလေးတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ ဆံကေသာဆိုတာ ကျွန်မတို့ မိန်းကလေးတွေအတွက်တော့ ဒုတိယမျက်နှာတစ်ခုပါပဲ။ ဆံကေသာ ခြောက်သွေ့မနေစေဘဲ ပျော့ပြောင်းသန်စွမ်းနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ပျားရည်

ပျားရည်က ဆံပင်ဆေးဆိုးထားတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဆံသားကိုပိုပြီးအရောင်တောက်စေပြီး ဆံသားပျက်ဆီးခြင်းကို ပြန်လည်ပြုပြင်ပေးပါတယ်။ ခေါင်းလျှော်ခါနီးတိုင်း ပျားရည် ၂ စက် ၃ စက်လောက် ခေါင်းလျှော်ရည်ထဲထည့်ပေးကာ လျှော်ပေးပါ။ ပေါင်းဆေးထဲလည်းထည့်ပေးပါ။

၂။ Mayonnaise နဲ့ပေါင်းတင်မယ်

Mayonnaise ဟာ အရသာရှိတာတစ်ခုတည်းမဟုတ်ပါဘူး။ ဆံကေသာကိုလည်း တောက်ပြောင်သန်စွမ်းစေပါတယ်။  Mayonnaise ကို ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ လေက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

၃။ ဘီယာ

အရင်ဆုံး ဆံကေသာကို ခေါင်းလျှော်ရည်နဲ့ အရင်လျှော်လိုက်ပြီး ပေါင်းဆေးသုံးပါ။ ပြီးမှ ဘီယာနဲ့ ဆေးချလိုက်ပါ။ ပြီးရင် မိနစ် ၃၀ ၄၅ မိနစ်လောက် တဘက်နဲ့ပေါင်းထားပါ။ ပြီးရင် ရေထပ်ဆေးချပါ။