နေ့စဥ်နေ့တိုင်း ကျွန်မတို့ကြုံတွေ့နေရတဲ့ အခြေအနေ အကြောင်းအရာတွေမှာ တခါတလေကျရင် အလွဲလေးတွေကလည်း ကပ်ကပ်ပြီးပါလာတတ်ပါတယ်။ သူလည်းလူ ကိုယ်လည်းလူဆိုပြီး အားလုံးက အတူတူပါပဲဆိုပြီး အားလုံးကပြောကြပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် စရိုက်တွေ၊ အပြုအမူတွေ၊ အကျင့်လေးတွေက အနည်းငယ် ကွဲပြားသွားတတ်ပါတယ်။

အခုတစ်ခါ ဖော်ပြပေးချင်တာကတော့ ကိုယ်အပါအဝင် ကိုယ့်အနီးအနားမှာရှိတဲ့ လူတွေရဲ့ကြားထဲက အကျင့်စရိုက်လေးတွေကို ဟာသဆန်ဆန် ရေးဆွဲထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေကိုကြည့်ပြီးတော့ ကိုယ်ကရော ဒီစာရင်းထဲပါမပါ ဒါမှမဟုတ် ကိုယ့်အသိသူငယ်ချင်းတွေနဲ့ တိုက်ဆိုင်နေတာရှိတာမျိုးဆိုရင်လည်း အချင်းချင်းလက်တို့ပြီး ဟာသလေးတွေပြောကြရင်း အမောပန်းတွေပြောနိုင်ကြပါစေ။