ဘယ်လို Relationship ပဲ ဖြစ်ဖြစ် ကောင်းတာ၊ ဆိုးတာ အမြဲ ဒွန်တွဲနေတတ်ပါတယ်။ တချို့ မိန်းကလေးတွေက ကောင်လေး မရှိဘဲ မနေနိုင်ကြသလို တချို့ ကျတော့လည်း Single ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေကြပါတယ်။ အခုဖော်ပြထားတဲ့ ဆောင်ပုဒ်တွေကတော့ Single ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတဲ့ ပျိုမေတို့အတွက် ရည်ညွှန်းပါတယ်။ ဒီတော့ သင်နဲ့ တိုက်ဆိုင်နေမလား ကြည့်လိုက်ရအောင်နော်-
အိပ်တဲ့အခါ
တစ်ကိုယ်တည်း သမားတွေဟာ အိပ်တဲ့အခါ လွတ်လွတ်လပ်လပ် အိပ်နိုင်ကြပါတယ်။ ဘယ်ညာ တောင်မြောက် အကုန် ပြောင်းအိပ်နိုင်ပြီး ဟောက်သံတွေ၊ အသံပလံတွေ ကြားရမှာလည်း စိတ်ပူစရာမလိုပါဘူး။
ဟာသ ဇာတ်လမ်းနဲ့တူတယ်
ကျွန်မရဲ့ဘဝက အချစ်ဟာသကားနဲ့ တူတယ်။ စိတ်ကူးယဉ်ဆန်တာ မရှိဘဲ ကိုယ့်ဟာသကို ကိုယ့်ဘာကိုယ် ရယ်ပစ်တာက လွဲရင်ပေါ့။
အမြဲရှိနေမယ်
ကျွန်မ Single ဘဝကို ကြိုက်တယ်။ ကျွန်မ လိုအပ်တဲ့အချိန် ကျွန်မက အမြအနားမှာ ရှိတယ်လေ။
LTR
ကျွန်မက Single မဟုတ်ပါဘူး။ ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုဆိုတဲ့ အရာတွေနဲ့ တွဲနေတာကြာပြီမို့လေ။
ဒါကို Relate လုပ်လို့ရတယ်မလား
Single တော့ Single ပဲ။ ဒါပေမဲ့ အချစ်နဲ့ ပတ်သက်ရင် အကြံပေးတဲ့အခါ ဆရာမကြီး။
အရမ်းဆွဲဆောင်မှုရှိနေတာ
ကျွန်မက လူတိုင်းအတွက် အရမ်းဆွဲဆောင်မှုရှိနေတော့ Single ဖြစ်နေတာ မဆန်းပါဘူး။
ကျွန်မရဲ့ ခွေးလေးကိုပဲ ချစ်တယ်
ရှာတွေ့ခဲ့ပြီ
ကျွန်မက Single ဖြစ်တာ ကြာပါပြီ။ ဒါက တော်တော်ကို အဆင်ပြေပါတယ်။ ကျွန်မအတွက် ချစ်ရသူက ကျွန်မကိုယ်တိုင်ပါပဲ
လစာရပြီ
လစာရပြီ။ ကိုယ့်အတွက်ပဲ ကိုယ်သုံးဖို့ အရမ်းရင်ခုန်နေပြီ။
တစ်ခုခု လုပ်နေရင်းနဲ့ ဒါကြောင့် ငါ Single ဖြစ်နေတာလို့ တွေးမိတဲ့ အခိုက်အတန့်မျိုး ရှိဖူးလား
Single ရဲ့ အဓိပ္ပာယ်အစစ်
စုံတွဲတွေ စကားမပြောလို့ ရမလား။
ဒါကတော့ အင်မတန်မှန်တဲ့ စကားပါပဲ။
Single ဖြစ်တာမကောင်းဘူး။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်ချင်တာ လုပ်နိုင်လို့လေ။
Source: Allwomenstalk
By MyStyle Myanmar