ဓာတ်ပုံရိုက်တဲ့အခါမှာ ပုံကောင်းတစ်ပုံရဖို့ အများကြီးအားစိုက်ထုတ်ပြီး ခဏခဏပြန်ရိုက်နေစရာမလိုပဲ ရိုက်တိုင်းမှာ ပုံထွက်လှစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ပို့စ်ပေးနည်းတွေဖြစ်လို့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါရင် try ကြည့်သင့်ပါတယ်။

ဘေးတစ်စောင်းလေးနေပြီး camera ကိုကြည့်ပြီးပြုံးနေပါ။ တိမ်တွေပါအောင်ရိုက်ရင် ပိုပြီးလှပါတယ်။

ရိုက်ပေးတဲ့သူက အောက်ကနေပင့်ရိုက်ပြီး ကိုယ်က ဘေးတစ်စောင်းအနေအထားနဲ့ camera ကို နည်းနည်းငုံ့ကြည့်ပြီး ပို့စ်ပေးကြည့်ပါ။ ဒီလိုပို့စ်လေးတွေရိုက်ရင် ဆံပင်ချထားတာက ပိုလှပါတယ်။ တိမ်တွေပါရင်တော့ perfect ပါပဲ။

ပို့စ်လုပ်ရမှာပျင်းနေရင်၊ ပင်ပန်းနေရင် ဘေးတစ်စောင်းလေးနေပြီး အဝေးကိုကြည့်ကာ ဆံပင်သပ်နေတဲ့ပုံလေးသာ ပို့စ်ပေးနေပါ။ လှပတဲ့ပုံကောင်းတစ်ပုံ ရလာပါလိမ့်မယ်။

လက်တစ်ဖက်က ဆံပင်ကိုသပ်ပြီး လက်တစ်ဖက်က ခါးထောက်နေတဲ့ပုံလေးတွေလည်း ရိုက်ကြည့်ပါ။ ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမှန်း မသိတဲ့သူတွေအတွက် ဒီပို့စ်လေးက အသုံးဝင်မှာပါ။

ထိုင်ပြီးရိုက်မယ်ဆိုရင် ခြေထောက်နဲ့လက်ကို ဒီလိုလေးလုပ်ပြီး ပို့စ်ပေးရိုက်ကြည့်ပါ။ အများကြီးအားစိုက်ထုတ်နေစရာမလိုပဲ အရမ်းလှတဲ့ ပုံကောင်းတစ်ပုံ ရလာပါလိမ့်မယ်။

ကိုယ်ရိုက်မယ့်အချိန်မှာ နေထိုးနေရင်ပဲဖြစ်ဖြစ်၊ မျက်နှာလေး glow ချင်ရင်ပဲဖြစ်ဖြစ် မျက်နှာနည်းနည်းမော့ထားပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။

လမ်းလျှောက်လာတဲ့ပုံစံမျိုး ခြေထောက်တစ်ဖက်ကိုရှေ့လှမ်းထားပြီး လက်တစ်ဖက်က ဆံပင်သပ်နေတဲ့ပုံစံလေးလည်း ပို့စ်ပေးကြည့်ပါ။ အရမ်းလှပါတယ်။

ကော်ဖီခွက် (သို့) bubble tea ခွက်လေးကိုင်ပြီး ဒီလိုပို့စ်ပေးရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီးလှတဲ့ ပုံကောင်းတစ်ပုံ ထွက်လာပါလိမ့်မယ်။

ဆံပင်သပ်နေတဲ့ပုံတွေချည်းပဲ ထပ်နေလည်းမပူပါနဲ့။ တစ်ပုံနဲ့တစ်ပုံ ပို့စ်အနေအထားချင်းမတူအောင် လုပ်လို့ရပါတယ်။ ဒီပုံလေးဆိုရင် ဆွဲဆောင်မှုရှိစေပါတယ်။

ဒီပို့စ်လေးဆိုရင် အရမ်းလွယ်ပါတယ်။ လက်တစ်ဖက်ကချထားပြီး နောက်လက်တစ်ဖက် ဘယ်နားထားရမှန်းမသိရင် ဒီလိုလေးသာ ပို့စ်ပေးလိုက်ပါ။ ရှုခင်းလှရင် အလိုလိုပုံထွက်လှသွားပါလိမ့်မယ်။

photo source:www.pinterest.com