Makeup အထူကြီးပြင်ဆင်ခြယ်သတာမျိုးထက် ပါးပါးကြည်ကြည် Look လေးတွေ၊ No Makeup Look လေးတွေက ပိုပြီးအကြည့်ခံသလို နောက်ပိုင်းမှာလည်း ပိုပြီးခေတ်စားလာပါမယ်။ ဒါကြောင့် ဒီတစ်ခါမှာ Foundation လိမ်းစရာမလိုပဲနဲ့ No Makeup Look အတိုင်းလေး လှအောင်ပြင်ဆင်နည်းကို မျှဝေပေးလိုက်ပါတယ်။

No Makeup Look လိုမျိုးလေးနဲ့ လှအောင်လို့ Makeup မလိမ်းခင်မှာ Skincare သေချာလိမ်းပေးပါ။

Sunscreen ကို Toneup Effect ပါတာလေး သုံးပါမယ်။ ဒါမှ Foundation ထပ်လိမ်းနေစရာ မလိုတော့မှာပါ။

Concealer ကို မျက်ကွင်းညိုတဲ့နေရာ၊ အသားအရောင်မညီတဲ့နေရာ၊ အမဲစက်ရှိတဲ့နေရာတွေကို လိမ်းပါမယ်။ Concealer သေချာလိမ်းပြီးပြီဆိုရင် Foundation လိမ်းစရာ မလိုတော့ပါဘူး။

Contour Stick (or) Contour Palette ကိုသုံးပြီး နှာတံဖော်ပါမယ်။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ အညိုရောင်ကို သုံးပြီးပဲ ဆွဲပါမယ်။ သဘာဝဆန်အောင်လို့ မျက်ခုံးမွှေးဆွဲပြီးရင် Brow Gel နဲ့ မျက်ခုံးမွှေးကို ဖြီးပေးပါ။

အညိုရောင် Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။

Natural ဆန်ပြီး No Makeup Look လေးဖြစ်အောင် ပါးနီကို Liquid Type လေးသုံးပါမယ်။ အညိုနဲ့ လိမ္မော်ဖောက်ထားတဲ့ အရောင်မျိုးလေး သုံးထားပါတယ်။ ပါးနီကို ပုံမှာလုပ်ပြထားသလို ပါးနှစ်ဖက်နေရာ၊ နှာခေါင်းထိပ်၊ နဖူးအလယ်နဲ့ မေးစိကိုပါ နည်းနည်းခြယ်ပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

Eyeliner ကို ပါးပါးလေးနဲ့ Wing ထွက်အောင် ဆွဲပေးပါ။

Highlighter ကို ရွှေညိုရောင်လေးသုံးပါမယ်။ ဒါဆို အသားနဲ့တစ်ပြေးတည်းဖြစ်ပြီး ပိုလှပါတယ်။ ပါးရိုးနှစ်ဖက်၊ နှာတံ၊ နဖူး၊ မေးစိနဲ့ အပေါ်နှုတ်ခမ်းထိပ်လေးတွေကို နည်းနည်းစီ ခြယ်ပေးပါ။

နှုတ်ခမ်းနီကိုလည်း အညိုရောင်လေးပဲ ဆိုးပါမယ်။ ပြီးမှ အပေါ်ကနေ Lip Gloss လေး ထပ်ဆိုးပေးပါ။

ဒါဆိုရင်တော့ စိုစိုပြောင်ပြောင်လေးနဲ့ Natural ဆန်ပြီး အရမ်းလှတဲ့ No Makeup Look လေးကို ရရှိသွားပါပြီ။