လှုပ်ရှားပြီး Gym ဆော့ရမှာကို ပျင်းတဲ့သူတွေအတွက် ခန္ဓာကိုယ်ပေါ့ပါးကျန်းမာစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက လုပ်ရတာလွယ်ကူပြီး အားသုံးရတာမျိုးလည်း မဟုတ်တဲ့အတွက် တော်တော်များများသဘောကျမယ်လို့ ထင်ပါတယ်။ နေ့တိုင်းလုပ်ပေးရမှာဖြစ်ပေမယ့် တစ်နေ့ကို အချိန် ၁၅ မိနစ်လောက်ပဲပေးရမှာမို့ ပုံမှန်လုပ်ပေးသင့်ပါတယ်။

ပုံမှာပြထားတဲ့ position အတိုင်း ခြေထောက်ကို cross လုပ်ထားပေးပါ။ ထောင်ထားတဲ့ဒူးပေါ်လက်ထောင်ပြီး လက်ထောက်ထားတဲ့တစ်ဖက်ကို မျက်နှာလှည့်နေရမှာပါ။ အဲ့ဒီ position အတိုင်း စက္ကန့် ၃၀ နေရမှာပါ။ ပြီးရင် နောက်တစ်ဖက်ကိုလှည့်ပြီး ပြောင်းလုပ်ပေးပါ။ အဲ့တာလည်း စက္ကန့် ၃၀ နေပေးရမှာပါ။

ခြေထောက်ကို ပုံထဲက position အတိုင်းထားပြီး ညာခြေဖဝါးကို ဘယ်လက်နဲ့ကိုင်ထားပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီးရင် နောက်တစ်ဖက်ပြောင်းလုပ်ပါ။ ဘယ်ခြေဖဝါးကို ညာလက်နဲ့ပြောင်းကိုင်ပါ။ အဲ့အတိုင်း စက္ကန့် ၃၀ ထပ်နေရပါမယ်။

ပုံထဲက position အတိုင်း ညာဘက်လှည့်အိပ်ပြီး ညာလက်ကိုကွေးပြီး ခေါင်းအောက်ထည့်၊ ညာခြေထောက်ကိုဆင်းပြီး ဘယ်ခြေထောက်ကို နောက်ကိုကွေးကာ ဘယ်လက်နဲ့ကိုင်ထားပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီးရင် ဘယ်ဘက်လှည့်အိပ်ပြီး စက္ကန့် ၃၀ ထပ်ပြောင်းလုပ်ပါ။

အရှေ့မြှောက်ထားတဲ့ခြေထောက်ရဲ့ ပေါင်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားပေးပါ။ အဲ့ position နဲ့ ၂ မိနစ်လောက် နေပေးနိုင်ရင် ပိုကောင်းပါတယ်။ ပြီးရင် နောက်တစ်ဖက်ပြောင်းလုပ်ပြီး ထပ်နေပေးရပါမယ်။

နံရံကိုမှီပြီး ပုံမှာပြထားတဲ့ position အတိုင်း ၁ မိနစ် တစ်ဝက်ထိုင် ထိုင်ပေးရပါမယ်။

ကြမ်းပြင်မှာလှဲပြီး ဘယ်ခြေထောက်ကိုဆန့်၊ ညာခြေထောက်ကို ကွေးပြီး ခါးကိုလိမ်ထားရပါမယ်။ ဘယ်လက်ကို ခြေထောက်နှစ်ခုကြားထဲထားပြီး နောက်လက်တစ်ဖက်ကိုတော့ ဘေးကိုဆန့်ထားပါ။ ခေါင်းကတော့ တည့်တည့်ပဲထားပါ။ အဲ့အတိုင်း ၁ မိနစ်နေပေးပြီးရင် နောက်တစ်ဖက်ပြောင်းလုပ်ပြီး ၁ မိနစ်ထပ်နေရပါမယ်။

ပုံထဲက position အတိုင်းထိုင်ပြီး ခြေဖဝါးနှစ်ဖက်ကို တင်ပါးနဲ့ထိထားပေးပါ။ လက်နှစ်ဖက်နောက်ကိုဆန့်ပြီး နဖူးနဲ့ကြမ်းနဲ့ ထိထားပေးပါ။ အဲ့အတိုင်း ၅ မိနစ်လောက်နေပေးရပါမယ်။

source:www.brightside.me