မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ အရမ်းအထူကြီးမဟုတ်ဘဲ သဘာဝကျကျလေးနဲ့လှချင်သူတွေအတွက် No Makeup လိမ်းခြယ်ပုံကို မျှဝေပေးချင်ပါတယ်။

သဘာဝအတိုင်း ပန်းရောင်သန်းစေမယ့် ပါးနီကို ရွေးချယ်ပါ

မိတ်ကပ်လိမ်းပုံအဆင့်ဆင့်

အရင်ဆုံး သင့်မျက်နှာကို Moisturizer လိမ်းပေးလိုက်ပြီး Primer လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ Concealer ကို မျက်ကွင်းအောက်၊ ဝက်ခြံနဲ့ အမာရွတ်ရှိတဲ့နေရာတွေမှာ လိမ်းပေးလိုက်ပါ။

ပြီးသွားရင်သေချာလေး Blend လုပ်ပေးပါ။

အဲဒီနောက် Highlighter ကို သင့်ရဲ့ ပါးပြင်ပေါ်မှာလိမ်းပေးလိုက်ပါ။ ဒါဆို အသားအရေလေးက Glow ဖြစ်နေစေမှာဖြစ်ပါတယ်။

ပြီးရင်တော့ Loose Powder လေးနဲ့ သင့်မျက်နှာပေါ်မှာ ခပ်ပါးပါးလေး လိမ်းပေးလိုက်ပါ။

အဲဒီနောက် Eyeshadow ကိုခပ်ပါးပါးလေးလိမ်းပေးလိုက်ပြီး နှုတ်ခမ်းနဲ့ ပါးကို ပန်းနုရောင်လေးဆိုးပေးလိုက်ပါ။

မျက်ခုံးမွှေးဆွဲပေးပြီးရင် ရပါပြီနော်။

Source: www.bellatag.com