သင်က မိတ်ကပ်လိမ်းရတာ မကြိုက်ဘဲ ပေါ့ပေါ့ပါးပါး နေတတ်သူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါ။ မိတ်ကပ်က လိမ်းပြီး အချိန်ကြာလာတဲ့အခါ မျက်နှာလေးလာတာ၊ အဆီပြန်လာတာ၊ စိတ်အိုက်လာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မိတ်ကပ်ကို နေ့တိုင်း လိမ်းတာက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ သင့်အနေနဲ့ No Makeup Look ပေမယ့် သဘာဝဆန်ဆန် လှချင်ရင်တော့ အောက်ဖော်ပြပါ အလှပြင် ပစ္စည်းတွေကို ပိုင်ဆ်ိုင်ထားသင့်ပါတယ်။
၁။ Matte Sunscreen
Matte Sunscreen က အထူးသဖြင့် အသားအရေ အဆီပြန်တတ်သူတွေအတွက် လိုအပ်ပါတယ်။ သင်က ချွေးထွက်တတ်ရင်လည်း Matte Sunscreen က သင့်တော်ပါတယ်။ No makeup Look ကို ပိုင်ဆိုင်ချင်သူတွေအနေနဲ့ Matte Sunscreen က မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းပါ။
၂။ Concealer
No Makeup ပေမယ့် သင့်မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့ Concealer ကို သုံးဖို့ လိုပါတယ်။ မိတ်ကပ်လိမ်းသလို မျက်နှာတစ်ခုလုံး လိမ်းစရာမလိုဘဲ မျက်တွင်းညိုတဲ့နေရာ၊ အစက်အပျောက်ရှိတဲ့ နေရာတွေကို Concealer နဲ့ ဖုံးရုံပါပဲ။
၃။ Cream Eyeshadow
Cream Type Eyeshadow က သင့်မျက်နှာပေါ်မှာ ပိုစွဲပြီး သဘာဝဆန်ဆန် Look ကို ပိုင်ဆိုင်စေပါတယ်။ အသားအရေ မွတ်မွတ်လေးနဲ့ မျက်လုံးကလည်း တောက်ပစေမှာပါ။
၄။ Brow Gel
Brow Gel က သဘာဝဆန်ဆန် မျက်ခုံးကို ပိုင်ဆိုင်စေပါတယ်။ ဒါ့အပြင် မော်ဒယ်တွေကြား ရေပန်းစားနေတဲ့ မျက်ခုံးမျှင်မျှင်လေး Look ကို Brow Gel က ပေးစွမ်းနိုင်ပါတယ်။ မိတ်ကပ်မလိမ်းတဲ့ ပျိုမေတို့နဲ့ Brow Gel က သင့်တော်ပါတယ်။
၅။ Highlighter
Highlight က သင့်မျက်နှာကို Glow ဖြစ်စေပြီး အရင်ထက် ပိုလှစေပါတယ်။ မိတ်ကပ်မလိမ်းတဲ့ ပျိုမေတို့အနေနဲ့ Highlighter ကို လိုအပ်ပါတယ်။
၆။ Cream Blush
မိတ်ကပ်မလိမ်းဘဲ သဘာဝဆန်ဆန် လှချင်ရင် ပါးနီနေရာကို ပိုဦးစားပေးဖို့ လိုအပ်ပါတယ်။ Cream Blush ကို မိတ်ကပ်မလိမ်းချင်တဲ့ ပျိုမေတွေ မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။ Cream Blush က သင့်မျက်နှာကို မိတ်ကပ်လိမ်းထားသလို လှနေစေပါလိမ့်မယ်။
၇။ Tinted Lip Balm
Lip Balm မှာမှ အရောင်ပါတဲ့ Lip Balm ကို မိတ်ကပ်မလိမ်းဘဲ လှချင်တဲ့ ပျိုမေတွေ ဆောင်ထားသင့်ပါတယ်။ နှုတ်ခမ်းနဲ့ မျက်ခုံး၊ ပါးနီတို့ကို ဦးစားပေးမှ No Makeup Look က Perfect ဖြစ်မှာပါ။
Photo Source: Pinterest
By MyStyle Myanmar