Foundation လိမ်းစရာမလိုပဲ လှပတဲ့ Natural Look Makeup ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ Over Makeup Look တွေ Full Makeup Look တွေထက် ဒီလို Natural Look လေးတွေက ပိုလှပါတယ်။
အရင်ဆုံး Skincare လိမ်းရပါမယ်။ အနည်းဆုံးတော့ Toner, Moisturizer လိမ်းပေးပါ။ အဲ့နောက်မှာမှ ညပိုင်းကလွဲလို့ ကျန်တဲ့အချိန်ပြင်မယ်ဆိုရင် Sunscreen လိမ်းပေးပါ။
Skincare အဆင့်ပြီးပြီဆိုရင် မျက်ကွင်းညိုတဲ့နေရာ၊ အသားအရောင် မညီတဲ့နေရာကို Concealer လိမ်းပါမယ်။
မျက်လုံးခြယ်ဖို့အတွက် Glitter Eyeshadow ကို အညိုဖောက်တဲ့အရောင်လေး ရွေးပြီးတော့ မျက်ခွံမှာခြယ်ပါမယ်။
အညိုရောင် Eyeshadow ကိုပဲ မျက်လုံးထောင့်စွန်းလေးမှာ Wings လေးထွက်နေအောင် ဆွဲပေးပါ။ ဒါကပိုပြီးတော့ သဘာဝဆန်ပါတယ်။
Gel Eyeliner နဲ့ မျက်လုံးအတွင်းနားလေးကို နည်းနည်းပဲဆွဲပေးပါ။ ဒါမှ မျက်လုံးလေးထင်းပြီး ပိုလှမှာပါ။
Mascara နဲ့ အပေါ်မျက်တောင်ကိုရော အောက်မျက်တောင်ကိုပါ ကော့ပေးပါ။
မျက်ခုံးမွှေးဆွဲတဲ့အခါမှာ ကိုယ်ဆွဲနေကျအတိုင်း ဆွဲလို့ရပါတယ်။ ဒီမှာတော့ ဆံပင်က အနက်ရောင်ဖြစ်လို့ ခဲဘက်သွားတဲ့အရောင်နဲ့ မျက်ခုံးမွှေးဆွဲထားပါတယ်။ မျက်ခုံးမွှေးဆွဲပြီးတိုင်းမှာ Brush နဲ့ဖြီးပေးဖို့ မမေ့ပါနဲ့။
ပါးနီကို မိတ်ကပ်ရောင်လေးရွေးပြီးတော့ ခြယ်ပါမယ်။
နှုတ်ခမ်းအလှပိုပေါ်အောင် Liner နဲ့ အရင်ပုံဖော်ပါမယ်။ ပြီးမှ အတွင်းဘက်တွေကို လက်နဲ့ Blend လုပ်လိုက်ပါ။ ဒီမှာတော့ Lip Liner အညိုလေးသုံးထားပါတယ်။ Lip Liner မရှိရင် နှုတ်ခမ်းနီအညိုလေး ဆိုးလည်းရပါတယ်။
Glow ပြီးပိုလင်းသွားအောင် Highlighter ကို ပါးရိုးထောင့် နားထင်နေရာ၊ နှာတံ၊ မေးစိလေးတွေကို နည်းနည်းခြယ်ပေးပါ။
ဒါဆိုရင်တော့ Foundation လိမ်းစရာမလိုပဲ လှပတဲ့ Natural Makeup Look လေးကို ရရှိသွားပါပြီ။