အသားအရေကောင်းပြီးသားသူတွေက အောက်ခံမိတ်ကပ် Foundation တွေလိမ်းပြီး အများကြီးပြင်နေစရာမလိုပါဘူး။ ပေါ့ပေါ့ပါးပါးလေးနဲ့ Glow ထွက်နေမယ့်ပုံစံမျိုးလေး ပြင်လို့ရပါတယ်။ ဒါကြောင့် အသားအရေကောင်းပြီးသားသူတွေအတွက် Foundation လိမ်းစရာမလိုတဲ့ မိတ်ကပ်ပြင်ဆင်နည်းကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံး Toner လိမ်းပေးပါ။

Moisturizer (သို့မဟုတ်) Serum လိမ်းပေးပါ။ အသားခြောက်ရင် ၂ မျိုးလုံး လိမ်းပေးပါ။

Sunscreen လိမ်းပေးပါ။

Concealer နဲ့ မျက်ကွင်းညိုတဲ့နေရာ၊ အသားအရောင်မညီတဲ့နေရာ၊ အမဲစက်ရှိတဲ့နေရာတွေကို ဖုံးပေးပါ။

ပေါင်ဒါ (သို့) Cream Pact ကို Brush နဲ့ယူပြီး ပုတ်ပေးပါ။

မျက်နှာလိမ်းတဲ့အဆင့် ၅ ဆင့်လုံးပြီးသွားပြီဆိုရင်တော့ မျက်ခုံးမွှေးစဆွဲပါမယ်။ ကိုယ်ဆွဲနေကျအတိုင်းလေးပဲ ဆွဲပေးပါ။

ပါးနီကို ပန်းရောင်ဖျော့ဖျော့လေး သုံးပေးပါ။ နည်းနည်းလေးပဲ ခြယ်ပေးပါ။ ပါးနေရာ၊ နှာတံနဲ့ ကိုယ် Glow ချင်တဲ့နေရာလေးတွေကို Highlighter သုံးပေးပါ။

ဒီမိတ်ကပ်ပြင်ဆင်ပုံလေးက မျက်တောင်ရှည်ရှည်လေးတွေနဲ့ဆိုရင် ပိုပြီးလှတာမို့ မျက်တောင်တုတပ်ရတာကြိုက်ရင် ပါးပါးရှည်ရှည်လေး တပ်ပေးပါ။ မတပ်ပဲထားမယ်ဆိုလည်း ရပါတယ်။ Mascara ကိုတော့ အပေါ်မျက်တောင်တင်မဟုတ်ပဲ အောက်မျက်တောင်ကိုပါ ကော့ပေးပါ။

နှုတ်ခမ်းနီကို မိတ်ကပ်ရောင် (သို့) ပန်းနုရောင်လေးဆိုပြီး အပေါ်ကနေ Lip Gloss လေး ထပ်ဆိုးပေးပါ။

ဒီလောက်ဆိုရင်တော့ အားလုံးပြီးပြီမို့ နောက်ဆုံးမှာ Makeup Setting Spray ဖြန်းပေးပါ။

ဒါဆိုရင်တော့ အသားအရေကောင်းပြီးသားသူတွေအတွက် Foundation လိမ်းစရာမလိုတဲ့ မိတ်ကပ်ပြင်ဆင်နည်း ပြီးသွားပါပြီ။

Source: www.deviennamakeup