တ်ကပ်ပြင်ရင်ထူထူကြီးနဲ့ heavy ဖြစ်အောင်ပြင်ထားတာမျိုးက ရုပ်ရင့်စေပါတယ်။ အခုနောက်ပိုင်းကလည်း ပါးပါးကြည်ကြည်လေးတွေနဲ့ natural ဆန်တာမျိုးလေးတွေက ပိုပြီးခေတ်စားလာပါတယ်။ ဒါကြောင့် foundation မလိမ်းပဲ ပါးပါးကြည်ကြည်လေးနဲ့လှတဲ့ Rosy Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။
မိတ်ကပ်မလိမ်းခင်မှာ tone, moisturizer, sunscreen တို့ကို လိမ်းပေးဖို့ မမေ့ပါနဲ့။ ပြီးရင်တော့ primer လိမ်းပေးဖို့လည်း မမေ့ပါနဲ့။
Concealer နဲ့ မျက်ကွင်းညိုတာတွေ၊ အသားအရောင်မညီတဲ့နေရာတွေကို လိမ်းပေးပါ။
ပန်းခရမ်းဘက်သွားတဲ့အရောင် ပါးနီလေးကို ပါးမှာခြယ်ပေးပါ။ ပါးနီက cream type သုံးရင် ပိုပြီး natural ဆန်ပါတယ်။
အဲ့ဒီပါးနီအရောင်နဲ့ပဲ မျက်ခွံပေါ်ကို နည်းနည်းခြယ်ပေးပါ။
ပန်းရောင် (သို့) ပန်းခရမ်းဘက်သွားတဲ့ highlighter ကို ပါးမှာ ထပ်ခြယ်ပေးပါ။
Natural ဆန်ဆန်နဲ့ ပါးပါးကြည်ကြည်လေးဖြစ်ပြီး glow နေအောင် NYX born to glow liquid illuminator #gleam ကို brush နဲ့ယူပြီး ပါးရိုးနေရာ၊ မျက်ခုံးအောက်၊ မေးစိ၊ နှာခေါင်းနဲ့ နဖူးမှာ ခြယ်ပေးပါ။
နှုတ်ခမ်းနီကို ပုံမှာပြထားတဲ့အရောင်လေးဆိုးမယ်ဆို ပိုပြီးလှမှာပါ။ အဲ့အရောင်လေးကို လက်ညှိုးနဲ့ယူပြီး မျက်ခွံမှာ ထပ်ခြယ်ပေးပါ။ ပါးပါးလေးခြယ်ပေးရုံပါပဲ။
နှုတ်ခမ်းနီကို အဲ့အရောင်လေးဆိုးပြီးရင် ပိုလှသွားအောင် gloss လေးထပ်ဆိုးပေးပါ။
Mascara နဲ့ မျက်တောင်ကော့ပေးပါ။ အောက်မျက်တောင်ကိုပါ mascara သုံးပေးပါ။
မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်းပဲ ဆွဲပေးပါ။
ပန်းရောင် glitter လေးတွေကို နည်းနည်းယူပြီး မျက်လုံးထိပ် ထောင့်စွန်းလေးမှာ လက်ညှိုးနဲပဲ တို့တို့ပြီးခြယ်ပေးပါ။
အဲ့ဒီပန်းရောင် glitter နဲ့ပဲ နှုတ်ခမ်းထိပ်နဲ့ အောက်နားလေးကိုလည်း တို့ပေးပါ။ ဒါဆိုရင်တော့ နှုတ်ခမ်းသားလေးကပါ စိုစိုကြည်ကြည်လေးနဲ့ glow နေမှာပါ။
အားလုံးပြီးရင်တော့ ပါးပါးကြည်ကြည်လေးနဲ့ အရမ်းလှတဲ့ Rosy Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။
source:www.haleykim