ပန်းလေးတွေနဲ့ ဓာတ်ပုံရိုက်ရင် သဘာဝရှုခင်းကြောင့် ဘယ်လိုရိုက်ရိုက် ပုံထွက်လှတာများပါတယ်။ အဲ့လို view ကောင်းကောင်းလေးတွေရှိရင် မျက်နှာမပါလည်း လှအောင်သေချာရိုက်လို့ရပါတယ်။ အဓိကကတော့ ကိုယ်တိုင်က ပို့စ်ပေးတတ်ဖို့ပါပဲ။ ဒါကြောင့် ပန်းလေးတွေနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ မျက်နှာမမြင်ရအောင် လှလှလေးရိုက်လို့ရမယ့် နည်းလမ်းတွေနဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။
ပန်းခင်းလေးတွေနဲ့ရိုက်မယ်ဆိုရင် ဂါဝန်လေးတွေဝတ်တာက အလှဆုံးပါပဲ။ ဂါဝန်တိုလေးနဲ့ဆိုရင်တော့ ဒီလိုကြွကြွရွရွပုံစံလေး ပို့စ်ပေးပြီး နောက်ကျောအလှကို ရိုက်ကြည့်ပါ။ အရမ်းလှတဲ့ပုံကောင်းတစ်ပုံ ထွက်လာမှာသေချာပါတယ်။
ပန်းခင်းလေးတွေကြားမှာ နောက်ကျောပုံလေးရိုက်မယ်ဆိုရင် ဒီလိုပြေးသွားတော့မယ့်ပုံစံလေး ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး အသက်ဝင်စေပါတယ်။
ပန်းခင်းရှည်ရှည်လေးတွေနဲ့ရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။ ပို့စ်သိပ်မလုပ်တတ်တဲ့သူတွေအတွက်ကျတော့ ဓာတ်ပုံရိုက်ရင် မျက်နှာမပါလေ ပို့စ်ပေးလို့ကောင်းလေပါပဲ။
ပန်းလေးတွေကို ဓာတ်ပုံရိုက်နေတဲ့ပုံစံလေးနေပြီး ရိုက်ခိုင်းပါ။ ရိုက်တဲ့သူက ဘေးတစ်စောင်းလေး ရိုက်ပေးဖို့တော့ လိုပါတယ်။ ဒါမှ ချစ်စရာကောင်းတဲ့ပုံလေး ထွက်လာမှာပါ။
ကိုရီးယားဆန်ဆန်လေး ရိုက်ချင်တယ်ဆိုရင် ပန်းခင်းလေးတွေကြားမှာ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး နောက်ခံရှုခင်းလေးလည်း ပိုလှသွားမှာပါ။
ဒီလိုပုံစံလေးရိုက်တာကျတော့ အရမ်း romantic ဆန်ပြီး လှပါတယ်။ ဦးထုပ်လေးမဆောင်းရင်တောင်မှ ဆံပင်တစ်ဝက်စည်းပြီး ဖဲပြားကလစ်ကြီးတာလေးတွေ တပ်ထားပါ။ အဲ့လိုလေးဆို ပိုပြီးလှသွားစေမှာပါ။
ပန်းခင်းထဲမှာ လမ်းလျှောက်နေတဲ့ပုံစံလေးရိုက်တာဆိုရင် snap ပုံလေး ဖြစ်စေပါတယ်။ ကိုရီးယားမလေးတွေရိုက်နေကျ ပုံစံလေးနဲ့လည်း တူပါတယ်။
ပန်းပွင့်လေးတွေကို ဒီလိုကိုင်ပြီးကြည့်နေတဲ့ ပုံစံလေးတွေလည်း ရိုက်လို့ရပါတယ်။ မျက်နှာတစ်ခြမ်းလေးပေါ်နေရင် ပိုပြီးလှပါတယ်။
ကင်မရာတစ်လုံးပါရင် ပန်းလေးတွေကြားမှာ ဒီလိုလေးထိုင်ရိုက်လို့ရပါတယ်။ အတွဲတွေဆိုလည်း တစ်ယောက်နဲ့တစ်ယောက် ရိုက်ပေးနေတဲ့ပုံစံမျိုးလေးတောင် လုပ်လို့ရပါသေးတယ်။
Photo source:www.pinterest.com