ဓာတ်ပုံရိုက်တဲ့အခါမှာ မျက်နှာမမြင်ရအောင်၊ မျက်နှာမပေါ်အောင် ရိုက်ချင်တဲ့သူတွေအတွက် မျက်နှာမမြင်ရလည်း လှနေစေမယ့် ဓာတ်ပုံရိုက်နည်း၊ ပို့စ်ပေးနည်း အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ဦးထုပ်ဆောင်းထားရင် အောက်ငုံ့ထားပြီး ဒီလိုလေး ပို့စ်ပေးလိုက်ရင် ချစ်ဖို့ကောင်းနေမှာပါ။

မျက်နှာမမြင်ရအောင် နောက်ကျောပုံလေးတွေကို ဒီလိုလှလှလေး ရိုက်ကြည့်ပါ။

ထိုင်ပြီးရိုက်တဲ့အခါ တစ်ဖက်ကိုလှည့်ပြီး ဒီလိုလေး ပို့စ်ပေးလိုက်ပါ။ ကိုယ့်ဖက်ရှင်နဲ့ ဆံပင်ပြင်ဆင်မှုပေါ် မူတည်ပြီး ပုံကောင်းလေး ထွက်လာမှာပါ။

Mirror Selfie ရိုက်ရင် ဖုန်းနဲ့ မျက်နှာကိုကွယ်ပြီး သေချာပို့စ်ပေးရိုက်တတ်ရင်လည်း လှပတဲ့ပုံလေးတွေ ရလာမှာပါ။

ဒီပို့စ်လေးဆိုရင် မျက်နှာလှည့်ပြီး ဆံပင်လေးနဲ့ ကွယ်လိုက်တာဖြစ်လို့ မျက်နှာမမြင်ရပဲ လှနေတာပါ။

ရှုခင်းလှလှလေးမှာ ဒီလိုနောက်ကျောပုံလေးတွေ ရိုက်တာကလည်း မျက်နှာမမြင်ရပဲ အရမ်းလှတဲ့ ပုံကောင်းလေးတွေ ရစေပါတယ်။

ဝိုင်ခွက်လေးကိုင်ပြီး ရိုက်မယ်ဆိုရင် ဒီပို့စ်လေးကိုသာ လုပ်ကြည့်ပါ။ Sexy ကျပြီး လှပနေမှာပါ။

ပန်းစည်းလေးတွေကိုင်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာလည်း မျက်နှာမမြင်ရပဲလှနေအောင် ဒီလိုလေးတွေ ပို့စ်ပေးပြီး ရိုက်ကြည့်ပါ။

ဒီပုံလေးတွေနဲ့ ပို့စ်လေးတွေဆိုရင် အိမ်မှာပဲ နံရံကပ်ပြီး ရိုက်လို့ရပါတယ်။ မျက်နှာမမြင်ရလည်း လှပတဲ့ပုံကောင်းလေးတွေ ရရှိစေပါတယ်။

ဂါဝန်လှလှလေးနဲ့ နေရာလှလှလေးမှာ ရိုက်မယ်ဆိုရင် မျက်နှာမပါချင်တဲ့အခါ ဒီပုံလေးအတိုင်း ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

Beach ရောက်တဲ့အခါမှာ ရိုက်ကြည့်သင့်တဲ့ပုံလေးပါ။ မျက်နှာမမြင်ရလည်း ပင်လယ်နဲ့ နေဝင်ချိန်ကြောင့် အရမ်းလှနေမယ့် ပို့စ်လေးပါ။

Photo source:www.pinterest.com