Aespa အဖွဲ့ကိုတော့ သင်က “Next Level”, “Savage” စတဲ့ သီချင်းတွေနဲ့ ရင်းနှီးပါလိမ့်မယ်။ ဒီအဖွဲ့ထဲက ထူးခြားပြီး Queen ဆန်ဆန် အလှကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့ဝင်ကတော့ Ningning ပါ။ သူမက Aespa အဖွဲ့ရဲ့ အသက်အငယ်ဆုံး Maknae ဖြစ်ပြီး တရုတ်လူမျိုး ဖြစ်ပါတယ်။ Ningning က လူငယ်ပီပီ သူ မဝတ်တဲ့ ဖက်ရှင်စတိုင်တွေက အမြဲ အထာကျနေတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Ningning ဝတ်တဲ့ ဖက်ရှင်စတိုင်တွေကို ဖော်ပြလိုက်ပါတယ်။

Hoodie အဖြူအပွထဲက အပြာရောင်နဲ့ Ningning ဝတ်ထားတဲ့ ဂျင်းပြာက အရောင်ဆင်တူသဘောဖြစ်ပြီး ပိုလင်းသွားတာကို တွေ့ရမှာပါ။ သူမက Minimalist Style ဆွဲကြိုးကိုလည်း ဆွဲထားပါသေးတယ်။

Oversized Shirt အပွကိုမှ အထဲက Tank Top အဖြူလေးနဲ့ ဂျင်းဘောင်းဘီအပြာ အတိုလေးက ပေါ့ပေါ့ပါးပါးရှိကာ ပူအိုက်တဲ့ ရာသီတွေနဲ့ အဆင်ပြေပြီး Ningning က ဒီစတိုင်လေးနဲ့ လိုက်ဖက်နေပါတယ်။

သင်က Ningning လို ရေကူးတဲ့အချိန်၊ ဒါမှမဟုတ် ရေကူးကန်ရှိတဲ့ နေရာတွေဆီ သွားမယ်ဆိုရင် ဒီစတိုင်လေးကို နမူနာ ယူသင့်ပါတယ်။ ဝမ်းဆက် စတိုင်လေးနဲ့ အပြင်ထပ်က ပေါ့ပေါ့ပါးပါးရှိကာ စတိုင်ကျပါတယ်။

Hoodie ဆင်စွယ်ရောင်လေးကိုမှ အောက်ဘက် အစင်းကြောင်းဘောင်းဘီနဲ့ တွဲဖက်ကာ နေကာမျက်မှန်နဲ့ တွေ့ရတဲ့ Ningning

ကျစ်ဆံမြီးကျစ်ထားတာက အထာကျတဲ့အပြင် Crop Top အဖြူ၊ ဂျင်းဘောင်းဘီရှည် တွဲစပ်မှုက လူငယ်ဆန်လှပါတယ်။

ကျောပြောင်စတိုင်လေးနဲ့ Ningning က ပေါ့ပေါ့ပါးပါး လှနေပြီး ဒီထဲမှာလည်း ကျစ်ဆံမြီးလေး စည်းထားကာ Baseball Cap ကို ဆောင်းထားပါတယ်။

Ningning က အမြဲ နေကာမျက်မှန်ဝတ်တတ်ပြီး ဒီထဲမှာတော့ စကပ်အကားနဲ့အတူ အင်္ကျီအဖြူလေးကို တွဲဖက်ထားပါတယ်။

အားကစားပွဲတွေသွားမယ်ဆိုရင် ပေါ့ပေါ့ပါးပါးရှိကာ လိုက်ဖက်တဲ့ စတိုင်ဝတ်ဆင်ပုံ ဖြစ်ပါတယ်။

အနက်ရောင် ဖက်ရှင်ဆိုပေမယ့် အောက်ဘက်က စကပ်တိုကို Oreo Color လေး ရွေးချယ်ထားတဲ့ Ningning

သင်က ပွဲလမ်းသဘင်သွားလို့ ခပ်မိုက်မိုက် စတိုင်ကို ရှာနေရင် Ningning ရဲ့စတိုင်ကို အတုယူသင့်ပါတယ်။

ခါးသေးသေးလေးမို့ စကပ်အနက်အကားနဲ့ အပေါ် Crop Top အတိုလေးနဲ့လည်း လိုက်နေတာပါပဲ။

Photo Source: Pinterest

By MyStyle Myanmar