ညအိပ်ယာဝင်တဲ့အချိန်နဲ့ ညအိပ်ချိန်မှာ ပြုလုပ်မိတဲ့တတ်တဲ့အမှားတွေကြောင့် ဆံသားပျက်စီးတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ကျန်းမာလှပတဲ့ ဆံကေသာကိုရရှိစေဖို့ လိုက်နာသင့်တဲ့ Nighttime Routine တွေကို ပြောပြပေးလိုက်ပါတယ်။

မအိပ်ခင်ဆံပင်ကိုအမြဲခြောက်အောင်ထားပါ

ညဘက်မှာခေါင်းလျှော်ဖြစ်တဲ့အခါ ဆံပင်ရေစိုနဲ့ ဆံပင်မခြောက်တခြောက်နဲ့ လုံးဝမအိပ်မိပါစေနဲ့။ ဆံပင်ကို ခြောက်အောင်လုပ်ပြီးမှ အိပ်ပါ။ ဆံပင်ရေမခြောက်သေးပဲအိပ်ရင် ဆံသားပျက်စီးစေသလို ကျန်းမာရေးလည်း ထိခိုက်စေပါတယ်။

ပိုးသားခေါင်းအုံးစွပ်၊ ဖဲသားခေါင်းအုံးစွပ်

Quality မကောင်းတဲ့ ချည်သားခေါင်းစွပ်တွေက ဆံသားနဲ့အသားအရေကို ထိခိုက်ပျက်စီးတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကောင်းဆုံးက ပိုးသားခေါင်းအုံးစွပ်၊ ဖဲသားခေါင်းအုံးစွပ်တွေ သုံးပေးတာက ဆံသားအတွက် ပိုကောင်းပါတယ်။

အိပ်ယာမဝင်ခင်ဆံပင်ဖြီးပါ

ဆံပင်ရှုပ်ထွေးနေတာကို ဒီတိုင်းထားပြီး အိပ်လိုက်မယ်ဆိုရင် ဆံသားပိုရှုပ်ထွေးပြီး မနက်ရောက်ရင် ရှင်းရခက်တာမျိုး၊ ဆံပင်တွေရှုပ်ပြီး ကျွတ်တာမျိုး၊ ဆံသားပျက်စီးတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင်မှာ ဆံပင်ဖြီးဖြစ်အောင်ဖြီးပါ။

အိပ်ယာမဝင်ခင်ဆီလိမ်းပါ

ဆံပင်သေချာရှင်းပြီး ဖြီးတဲ့အခါမှာ hair oil ပါလိမ်းပေးပါ။ Hair oil သေချာလိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးရင် သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံသားလည်း ကျန်းမာလှပစေပါတယ်။

ကျစ်ဆံမြီးကျစ်အိပ်ပါ

ဆံပင်ကိုဖားလျားချအိပ်တာ၊ တင်းကြပ်အောင်စည်းပြီး အိပ်တာမျိုးတွေက ဆံသားကျိုးကြေပျက်စီးစေပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကျစ်ဆံမြီးကို လျော့လျော့လေးကျစ်ပြီး အိပ်ပါ။

Scrunchie သုံးပါ

ဆံပင်ကို ကျစ်ဆံမြီးမကျစ်ချင်ဘူးဆိုရင်တော့ ရိုးရိုးခေါင်းစည်းကြိုးတွေနဲ့ စည်းမယ့်အစား ပိုသား၊ ဖဲသားနဲ့ပြုလုပ်ထားတဲ့ scrunchie လေးတွေနဲ့ စည်းထားပေးပါ။ ဆံသားကျိုးကြေပျက်စီးတာတွေ မဖြစ်စေပါဘူး။