မင်္ဂလာပါနော်။ ညဖက်မှာ သင့်အသားအရေက ဆဲလ်သစ်တွေ ပြန်ပြီးထုတ်ပေးပြီး အသားအရေကို ပိုစိုပြေစေပါတယ်။ တစ်နေကုန် နေရာင်ခြည်ထိတွေ့မှု လေထုညစ်ညမ်းမှုတွေကြောင့် ပျက်စီးနေတဲ့ သင့်အသားအရေကို ညဖက်မှာ ပြန်ပြီးပြုပြင်ပေးမှာပါ။ အခုလို အသားအရေကို ပြန်လည်နုပျိုပြီး မနက်ခင်းမှာ ပိုပိုလှနေစေဖို့ ညအိပ်ယာမဝင်ခင် ပြုလုပ်ပေးရမယ့် အလှအပဆိုင်ရာထိန်းသိမ်းနည်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

၁။ ခြေထောက်အသားအရေလေး နူးညံ့နေစေဖို့

ခြေထောက်အသားအရေလေး နူးညံ့နေစေဖို့ ခြေထောက်ကို ရေသေချာဆေးပြီး ခြေထောက်တိုက်တဲ့ Brush နဲ့ သေချာလေး တိုက်ပေးလိုက်ပါ။ ပြီးသွားရင်တော့ ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် အုန်းဆီ (သို့) သံလွင်ဆီ လိမ်းပေးလိုက်ပါ။

၂။ နှုတ်ခမ်းသားလေးနူးညံ့နေစေဖို့

နှုတ်ခမ်းကိုရေသေချာဆေးပြီး နှုတ်ခမ်းကို သွားတိုက်တံနဲ့ သေချာလေး ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် အုန်းဆီ (သို့) နှုတ်ခမ်းနီအဆီ ဆိုးပေးပြီးအိပ်ယာဝင်ပါ။

၃။ ဆံပင်အဖျားနှစ်ခွသက်သာဖို့

ရှားစောင်းလက်ပတ်ကို ညအိပ်ယာမဝင်ခင် လိမ်းပေးပြီး မနက်မိုးလင်းရင် ခေါင်းလျှော်ချလိုက်ပါ။

၄။ မျက်ခုံးနဲ့ မျက်တောင်မွှေးကို အဆီလိမ်းပါ

ကြက်ဆူဆီကတော့ အကောင်းဆုံးပါပဲ။ တကယ်လို့မရှိရင်တော့ ဗီတာမင် E အဆီ (သို့) သံလွင်ဆီ လိမ်းပေးလို့ရပါတယ်။ မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးမှာ ညအိပ်ယာမဝင်ခင်လိမ်းပေးပြီး မနက်မိုးလင်းရင် ရေဆေးချလိုက်ပါ။ လိမ်းတဲ့အခါ မျက်လုံးထဲမဝင်အောင် ဂရုစိုက်ပါ။

၅။ ဆံကေသာ ကျန်းမာသန်စွမ်းဖို့ အုန်းဆီနဲ့ နှိပ်နယ်မယ်

ညအိပ်ယာမဝင်ခင် အုန်းဆီကို အပူပေးလိုက်ပြီး အုန်းဆီ နွေးနွေးလေးကို ဦးရေပြားပေါ်လိမ်းပေးကာ သေချာလေး နှိပ်နယ်ပေးပါ။ မနက်ကျရင် ခေါင်းလျှော်ချလိုက်ပါ။

၆။ အသားအရေကို Moisturizer လိမ်းပါ

မျက်နှာကို ညအိပ်ယာမဝင်ခင် သေချာသန့်စင်ပေးပြီးရင် Moisturizer လိမ်းပေးဖို့မမေ့ပါနဲ့နော်။

၇။ မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာ သက်သာဖို့

မျက်လုံးအောက်မှာ အုန်းဆီ (သို့) သံလွင်ဆီနဲ့နိမ့်နယ်ပေးလိုက်ပါ။ ဒါမှမဟုတ် လက်ဖက်အိတ် ကပ်ပေးလည်းရပါတယ်။

၈။ လက်လေးတွေ နူးညံ့နေဖို့

သကြားကို သံလွင်ဆီနဲ့ရောပြီး လက်နှစ်ဖက်ကို သေချာလိမ်းကာ ပွတ်ပေးလိုက်ပါ။

၉။ အိပ်ရေးဝဝအိပ်ပါ

မနက်ခင်းမှာအလှဆုံးဖြစ်နေဖို့ အိပ်ရေးဝဖို့လိုပါတယ်။ အိပ်ယာဝင်ခါနီး ဖုန်းတွေ တီဗီတွေမကြည့်ဘဲ နာရီဝက်လောက်အထိ နေပြီး သီချင်းအေးအေးလေး ဖွင့်ကာ အိပ်ယာဝင်ကြည့်ပါ။