ဆံသားကျန်းမာပြီးလှပဖို့အတွက် ဆံသားကိုပုံမှန်ထိန်းသိမ်းပေးဖို့ လိုပါတယ်။ ဒါကြောင့် မိန်းကလေးတိုင်းအတွက် ညအိပ်ယာမဝင်ခင်မှာ ပုံမှန်လုပ်ပေးသင့်တဲ့ hair care tips တွေကို မျှဝေပေးလိုက်ပါတယ်။

Oils လိမ်းပါ

ခေါင်းမလျှော်ခင် ညမှာ ဆံသားကို oils သေချာလိမ်းပြီး ဦးရေပြားကို ညှင်သာစွာ massage လုပ် နှိပ်နယ်ပေးပြီး အိပ်ပါ။ နောက်နေ့မနက်ရောက်ရင်တော့ ခေါင်းလျှောက်ချလိုက်ရုံပါပဲ။ ဒီလိုလုပ်ပေးခြင်းက ဆံသားကျန်းမာစေပြီး ဆံသားနူးညံ့တောက်ပြောင်စေပါတယ်။ ဆံပင်ကျွတ်တာလည်း သက်သာစေပါတယ်။

Hair serum

ညအိပ်ယာဝင်ခါနီးတိုင်းမှာ ဆံပင်အဖျားတွေကို hair serum လိမ်းပေးပါ။ ဒီလိုပုံမှန်ထိန်းသိမ်းပေးမယ်ဆိုရင်တော့ ဆံသားနှစ်ခွဖြစ်တာ၊ အဖျားတွေဖွာတာ၊ ပြတ်တာတွေကို သက်သာလာစေပါတယ်။

ခေါင်းဖြီးပါ

ညအိပ်ယာမဝင်ခင်မှာ ခေါင်းဖြီးပြီးမှအိပ်ပါ။ ဒီလိုလုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံပင်ကျွတ်တာ သက်သာစေပါတယ်။ ဆံပင်မရှင်းပဲအိပ်မယ်ဆိုရင်တော့ မနက်ရောက်ရင် ဆံသားတွေရှုပ်ထွေးပြီး ငြိတာ၊ ကျွတ်တာတွေ ဖြစ်နေပါလိမ့်မယ်။

ဆံပင်ကိုချည်ပြီးမှအိပ်ပါ

ခေါင်းဖြီးပြီးရင် ဆံပင်ကိုဖားလျားချပြီးမအိပ်ပါနဲ့။ သေချာဖွဖွလေးချည်ပြီးအိပ်ပါ။ ဒါမှ ဆံသားပျက်စီးတာသက်သာစေပြီး မျက်နှာမှာလည်း ဝက်ခြံနဲ့အဆီဖုထွက်တာမျိုး မဖြစ်မှာပါ။

ညစ်ပတ်နေတဲ့ဆံပင်နဲ့ညမအိပ်ပါနဲ့

ခေါင်းမလျှော်တာကြာရင် ဆံသားနဲ့ဦးရေပြားက ညစ်ပတ်နေမှာပါပဲ။ ဒီလိုညစ်ပတ်နေတဲ့ဆံသားနဲ့ ညအိပ်ရင်လိုက်ရင် ဗောက်ထတာ၊ ဦးရေပြားယားတာ၊ မျက်နှာမှာဝက်ခြံတွေထွက်တာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ ပုံမှန်ခေါင်းလျှော်ပေးပါ။