သင်က ညဘက်ကို ဘယ်အချိန်အိပ်လေ့ရှိလဲ။ ဖြစ်နိုင်ရင်တော့ ညဘက် အိပ်တဲ့အချိန်ကို ၁၂ နာရီထက် မကျော်တာ အကောင်းဆုံးပါ။ ညဘက် အိပ်တာ နောက်ကျတဲ့အခါ နောက်နေ့မှာ အသားအရေ ခြောက်သွေ့နိုင်သလို ကျန်းမာရေးအတွက်လည်း ရေရှည်မှာ မကောင်းပါဘူး။ ဒီတစ်ခေါက်မှာတော့ ကိုယ်အိပ်တဲ့အချိန်အလိုက် ညဘက် ပြုလုပ်ကြည့်သင့်တဲ့ Night Routine တွေကို ဖော်ပြပါရစေ။

ညဘက် ၉ နာရီ အိပ်သူများအတွက်

သင်က ညဘက်ကို စောစောအိပ်တတ်ပြီး ၉ နာရီ ဝန်းကျင်မှာ အိပ်တတ်တယ်ဆိုရင် အောက်ဖော်ပြပါ အရာတွေကို ပြုလုပ်ကြည့်သင့်ပါတယ်။

၉ နာရီအိပ်သူတွေအတွက် ဒီအချိန်က စောသေးတာမို့ Digital Detox စလုပ်ကြည့်သင့်ပါတယ်။ ဖုန်းသုံးတာကို ၉ နာရီတည်းက ကန့်သတ်လိုက်သင့်ပါတယ်။ ဒါပြီးရင် ထပ်လုပ်ပေးရမှာကတော့ သင့်ကျန်းမာရေးအတွက် ကောင်းတဲ့ လက်ဖက်ရည်ကြမ်း တစ်ခွက် သောက်သင့်ပါတယ်။ ညအိပ်အင်္ကျီ ပေါ့ပေါ့ပါးပါးကို ဝတ်ကာ စာအုပ်တစ်အုပ်ရဲ့ အခန်းတစ်ခန်းစာကို ပြီးအောင် ဖတ်သင့်ပါတယ်။

၁၀ နာရီ အိပ်တတ်သူများအတွက်

သင်က ၁၀ နာရီအိပ်တတ်သူဆိုရင် မအိပ်ခင် ရေဓာတ်ပြည့်ဝဖို့ ရေတစ်ဖန်ခွက် သောက်ပေးသင့်ပါတယ်။ နောက်နေ့ မနက် လေ့ကျင့်ခန်း လုပ်မယ့်သူများအဖို့ ပစ္စည်းတွေကို အရံသင့် ပြင်ဆင်ထားသင့်ပါတယ်။ သင့်အိပ်ခန်းကို ရှင်းလင်းကာ အကြောဆန့်တာမျိုး လုပ်ပေးဖို့ လိုပါမယ်။

ည ၁၁ နာရီ အိပ်သူများအတွက်

သင်က ညဘက် ၁၁ နာရီအိပ်တတ်သူဆိုရင် စာအုပ်တစ်အုပ်ထဲမှာ ကိုယ်ကျေးဇူးတင်တဲ့ အရာတွေကို ရေးပေးသင့်ပါတယ်။ ညဘက် မှောင်လာပြီမို့ ကိုယ့်အတွက် စိတ်အေးချမ်းစေမယ့် သီချင်းလေးတွေ နားထောင်သင့်ပါတယ်။ ညဘက် ရေချိုးတတ်သူဆိုရင် ၁၁ နာရီအိပ်သူတွေအတွက် သင့်တော်ပါတယ်။

ည ၁၂ နာရီအိပ်တတ်သူများအတွက်

ည ၁၂ နာရီ ဖြစ်လာပြီမို့ သင့်အတွေးတွေကလည်း အရင်ထက် ပိုများနေမှာပါ။ ဒါကြောင့် အတွေးတွေကို အရင်ရှင်းသင့်ပါတယ်။ ပြီးရင်တော့ ညအိပ်ခါနီး ပုံပြင်တွေကို နားထောင်ပေးသင့်ပါတယ်။ ၇ မိနစ် ခန့် အကြောလျှော့ကာ ကိုယ် ကျေးဇူးတင်တဲ့ အရာ (၃) ခုကို စာအုပ်ထဲ ချရေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar