မင်္ဂလာပါနော်။ ညဖက်မှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် ဒိတ်လုပ်ကြမယ့်သူတွေအတွက် မတူညီတဲ့ မိတ်ကပ် Look ၃ မျိုးကို မျှဝေပေးချင်ပါတယ်။

တောင်ကိုးရီးယား အနုပညာရှင်တွေဖြစ်ကြတဲ့  Blackpink အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jennie Kim, Rose’ နဲ့ CL တို့လိမ်းခြယ်ထားတဲ့ မိတ်ကပ် Look ကို ကြည့်လိုက်ရအောင်။

ညဖက်မှာ ညစာစားရင်း ရုပ်ရှင်ကြည့်ဖို့ ဒိတ်လုပ်တဲ့အခါ

မိတ်ကပ်သားမထူဘဲ သဘာဝဆန်တဲ့ မိတ်ကပ်လိမ်းခြယ်မှုက အဆင်ပြေမှာပါနော်။ နှုတ်ခမ်းသားကိုလည်း ဆိုးထားတယ်လို့မထင်ရအောင် သဘာဝနှုတ်ခမ်းနီလေးကိုပဲ ဆိုးပေးလိုက်ပါ။

ညဖက်မှာ သင်အကြိုက်ဆုံး စားသောက်ဆိုင်တစ်ခုမှာ ဒိတ်လုပ်ထားတဲ့အခါ

ဒီတခါမှာတော့ မိတ်ကပ်သားကို မိန်းကလေးပိုပြီးဆန်စေပြီး ပိုပြီး နုပျိုစေတဲ့ မိတ်ကပ်ပုံစံမျိုး လိမ်းခြယ်နိုင်ပါတယ်။ နှုတ်ခမ်းနီကိုလည်း ပိုပြီးအရောင် နည်းနည်းတောက်တာ ဆိုးပေးပါ။

ပွဲတွေသွားဖို့ ဒိတ်ထားတဲ့အခါ

CL လိမ်းထားတဲ့ မိတ်ကပ် ပုံစံမျိုးကို ညဖက် ပွဲတွေသွားတဲ့အခါ လိမ်းခြယ်နိုင်ပါတယ်နော်။ အညိုရင့်ရင့် Eyeshadow တွေကိုသုံးပြီး Mascara နဲ့ မျက်တောင်အတုလည်း တပ်ဖို့မမေ့ပါနဲ့။

ဒါ့အပြင် နှုတ်ခမ်းနီကို Matte နှုတ်ခမ်းနီမျိုး ဆိုးပေးနိုင်ပါတယ်။