မင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာ သဘာဝဆံနွယ်ရှည်ရှည်လေးတွေ ပိုင်ဆိုင်ထားကြတဲ့ ပျိုမေတို့အတွက် လူငယ်ဆန်ပြီး ဆန်းသစ်တဲ့ ဆံပင်စတိုင်လေးပြင်ဆင်နိုင်ဖို့ Newjeans အဖွဲ့ဝင်တွေရဲ့ ချစ်စရာကောင်းတဲ့ Hairstyle အိုင်ဒီယာလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ငယ်ရွယ်ပြီး အရုပ်ကလေးတွေလို ချစ်စရာကောင်းတဲ့ အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းထားတဲ့ Newjeans အဖွဲ့ဟာဆိုရင် စပြီးပွဲဦးထွက်ချိန်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ။


ဒီအဖွဲ့ရဲ့ထားခြားချက်ဟာဆိုရင် အဖွဲ့ဝင်တိုင်းက ဆယ်ကျော်သက်အရွယ်တွေဖြစ်တာမို့ မိတ်ကပ်နဲ့ ဆံပင်ပိုင်းမှာ အလွန်အကျွံပြင်တာထက် အပြစ်ကင်းတဲ့ ငယ်ရုပ်လေးတွေမပျောက်သွားအောင် ခပ်ပြေပြေမိတ်ကပ်နဲ့ ခါးလယ်လောက်ရှိတဲ့ ဆံနွယ်ရှည်ရှည်လေးတွေကို ဝဲနေအောင် ချထားတဲ့ပုံစံမျိုးကို အသားပေးပြင်တတ်ကြပါတယ်။


အဖွဲ့ဝင်တွေရဲ့ ဆံပင်အရှည်ကိုမှ အမျိုးမျိုးပြင်ဆင်ပေးထားတဲ့ Hairstyle တွေက သူတို့လို ဆံပင်ရှည်သူတွေ၊ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်နေမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် Newjeans အဖွဲ့ဝင်တွေ ရဲ့ Hairstyle လေးတွေကို ကြည့်လိုက်ရအောင်နော်-

ဆံပင်ရှည်ရှိသူတွေက ကျစ်ဆံမြီးနဲ့ အရမ်းလိုက်ပါတယ်။ Newjeans အဖွဲ့ဝင်တွေလို ကျစ်ဆံမြီးလေးတွေ ကျစ်ကြည့်ပါ။


အဖွဲ့ဝင်တွေရဲ့ Hair Accessories ဝတ်ဆင်နည်းလေးတွေကလည်း ဆံနွယ်ရှည်လေးတွေ ကျော့ရှင်းပြီး ယဉ်ယဉ်လေးနဲ့လှနေတတ်ပါတယ်။


Half up pigtail လို့ခေါ်တဲ့ ဆံပင်တစ်ဝက်ကိုမှ နှစ်ဖက်အမြင့်စည်းလေး စည်းထားတဲ့ပုံစံကလည်း Newjeans အဖွဲ့ဝင်တွေလို ချစ်စရာကောင်းစေမှာပါနော်။


ခေါင်းစည်းကြိုးအသေးလေးတွေနဲ့ တစ်ပိုင်းစီ ခြားစည်းပြီး ကြားနေရာကို ဖောင်းပေးရတဲ့ Bubble Braids ကျစ်နည်းလေးကလည်း Newjeans အဖွဲ့ဝင်တွေ မကြာခဏစည်းတတ်တဲ့ပုံစံလေးပါနော်။ ကျစ်ဆံမြီးပုံစံကိုမှ အမြင်ဆန်းတဲ့အပြင် ခေါင်းစည်းကြိုးအရောင်နုနုလေးတွေနဲ့ဆို ပိုလှပါတယ်။


အဖွဲ့ဝင်လေး Hanni ရဲ့ ကျစ်ဆံမြီးနှစ်ဖက်ကို အဝိုင်းဖြစ်အောင်ပြန်စည်းတဲ့ Hairstyles လေးကလည်း ချစ်စရာကောင်းတာမို့ Try ကြည့်သင့်ပါတယ်။

ဆံထုံးအသေးလေးတွေ ထုံးတာကလည်း ကလေးလေးလို ချစ်စရာကောင်းစေမှာပါ။ Haerin လေးရဲ့ Hairstyle ကိုနမူနာယူနိုင်ပါတယ်နော်။


ဆံပင်ကိုထွေထွေထူးထူး မပြင်တတ်ဘူးဆိုရင် Minji လို အမြင့်စည်း Ponytail လေး လုပ်ကြည့်ပါနော်။ ဆံပင်ရှည်မို့ အမြင့်စည်းလေးနဲ့ လိုက်ဖက်နေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar