ဓာတ်ပုံကိုအမျိုးမျိုးရိုက်လွန်းလို့ ပို့စ်တွေလည်းထပ်နေပြီဆိုတဲ့ မိန်ကလေးတွေအတွက် အထာကျပြီးလှနေစေမယ့် ပို့စ်အိုင်ဒီယာအသစ်တွေကို မျှဝေပေးလိုက်ပါတယ်။ အမြဲတမ်း ဓာတ်ပုံရိုက်နေကျသူတွေအတွက်တော့ အရမ်းကိုအသုံးဝင်တဲ့ ပို့စ်အိုင်ဒီယာတွေဖြစ်မှာပါ။
ထိုင်ပြီးရိုက်တဲ့အခါမှာ လုံးဝကိုအထာကျကျပုံစံမျိုး ရိုက်ချင်တယ်ဆိုရင်တော့ ဒီပို့စ်အိုင်ဒီယာလေးကို try ကြည့်ပါ။ သူ့လိုမျိုး coat နဲ့ရိုက်ရင် ပိုမိုက်မှာပါ။
ဒီလိုလေးထိုင်ပြီးပို့စ်ပေးတာဆိုရင် super model တွေရိုက်ရင် ပို့စ်ပေးတဲ့ပုံစံမျိုးဖြစ်စေပါတယ်။ အရမ်းမိုက်တာကြောင့် အထာကျကျလေးဝတ်ထားရင် ဒီပို့စ်လေးကို try ကြည့်သင့်ပါတယ်။
ဒီပို့စ်လေးဆိုရင် အအေးဘူးသောက်နေတဲ့ ပုံစံရိုက်တာတောင်မှ cute type မဖြစ်ပဲ အထာကျပြီးမိုက်နေတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။
ဒီလိုပုံစံပို့စ်လေးဆိုရင် အိမ်မှာ ဝတ်စုံပြည့်ဝတ်ပြီး ရိုက်လို့ရတာကြောင့် ရိုက်ကြည့်သင့်ပါတယ်။
ဒီလိုမျိုးလေးထိုင်ရိုက်တာဆိုရင် ရှားပါတယ်။ ဒါကြောင့် သူများနဲ့မတူတဲ့ပို့စ်မျိုးနဲ့ ရိုက်ချင်တယ်ဆိုရင် ဒီပို့စ်လေးကို try ကြည့်ပါ။ ရိုက်တဲ့သူကလည်း အောက်နေပင့်ရိုက်ရမှာပါ။
Biker shorts လေးတွေဝတ်ရင် ဒါမျိုးလေး ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။
ဒီပို့စ်လေးဆိုရင် အထာကျတာမျိုးမဟုတ်ပေမယ့် ရိုက်ထားတဲ့ပုံစံလေးက တစ်မျိုးဆန်းပြီး အရမ်းလှပါတယ်။ အနီးကပ်ဆိုပေမယ့် မြင်နေကျပုံစံတွေ၊ ပို့စ်တွေနဲ့မတူပဲ ပိုလှပါတယ်။
ဒီပို့စ်လေးကျတော့ အိမ်မှာပဲရိုက်လို့ရပါတယ်။ သူ့ရဲ့ပို့စ်က အရမ်းလွယ်ပါတယ်။ အဓိကကတော့ မျက်နှာအနေအထားပါပဲ။
ထိုင်ပြီးရိုက်ရတာ ပို့စ်တွေရိုးလာရင် ဒီလိုမျိုး ဘေးတစ်စောင်းအနေအထားနဲ့ အောက်မှာထိုင်ချပြီး အပြည့်မပါအောင် ရိုက်ကြည့်ပါ။ ကြည့်ရတာတစ်မျိုးဆန်းပြီး မိုက်ပါတယ်။
photo source:www.pinterest.com