အသစ်အသစ်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ August မှာ Netflix၊ Disney+ တို့ကနေထုတ်လွှင့်မယ့် K-Dramas ဇာတ်ကားအသစ်တွေက စောင့်နေပါပြီ။ သည်းထိတ်ရင်ဖို ဇာတ်လမ်းလား ? အချစ်ဇာတ်လမ်းလား ? ကိုယ့်အကြိုက်ကို ရွေးကြည့်ရုံပါပဲ။

1. Bad Memory Eraser – August 2

တင်းနစ်ကစားသမားဟောင်းတစ်ဦး ဘဝကိုပါပြောင်းသွားစေတဲ့ ဒဏ်ရာရပြီးနောက်ပိုင်း နာကျင်စရာ အမှတ်တရတွေကို ဖျက်လို့ရတဲ့ Memory ဖျက်ဆေးရလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းတွဲမှာ စောင့်ကြည့်ရမှာပါ။

2. Romance in the House – August 10

ဒေဝါလီခံပြီး ဇနီးနဲ့လည်းကွာရှင်းခဲ့ပေမယ့် 14 နှစ်အကြာမှာ ချမ်းသာလာတဲ့ သန်းကြွယ်သူဌေးက ဇနီးဟောင်းနဲ့ ကွဲကွာနေတဲ့ကလေးတွေဆီကနေ တစ်ချိန်က ချစ်ခြင်းမေတ္တာတွေ ပြန်ရဖို့ကြိုးစားတဲ့အခါ အဆင်ပြေပါ့မလားဆိုတာကို ဒီဇာတ်လမ်းမှာ တွေ့ရမှာပါ။

3. Your Honor – August 12

2018 ကထွက်ခဲ့တဲ့ K-Drama နဲ့ နာမည်တူပေမယ့် ဇာတ်လမ်းမတူတဲ့ ဒီ Drama ကတော့ ဖခင်နှစ်ယောက်ဖြစ်တဲ့ တရားသူကြီးတစ်ဉီးနဲ့ ရာဇ၀တ်မှုဆိုင်ရာ သူဌေးတစ်ဦးတို့ကို ပုံဖော်ထားတာပါ။

4. The Tyrant – August 12

သိပ္ပံစိတ်ကူးယဉ်တွေနဲ့ ရောစပ်ထားတဲ့ နိုင်ငံရေး သည်းထိတ်ရင်ဖိုစရာတွေကို ကြိုက်တယ်ဆိုရင် ဒီ Drama ကတော့ သင့်အတွက်ပါ။

5. Perfect Family – August 14

Webtoon ကို ပြန်ပြီးရိုက်ထားတဲ့ ဒီဇာတ်လမ်းက ဆင်ခြေဖုံးရပ်ကွက်က မိသားစုတစ်စု ယောက်ျားတစ်ယောက်ကို သတ်မိလိုက်တဲ့အခါ ပြီးပြည့်စုံနေတဲ့ သူတို့ရဲ့မိသားစုပုံရိပ်ကို နဂိုအတိုင်း ထိန်းသိမ်းထားနိုင်မလားဆိုတာကို သည်းထိတ်ရင်ဖိုရိုက်ပြထားတာပါ။

6. Black Out – August 16

ဒီ သည်းထိတ်ရင်ဖိုရုပ်ရှင်ကတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးနှစ်ဦးနဲ့ စုံထောက်ဟောင်းတစ်ဦးတို့ကို သတ်ဖြတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားနှစ်ဦး လွန်ခဲ့တဲ့ဆယ်နှစ်က လူသတ်မှုရဲ့ အမှန်တရားကို အတူတူရှာဖွေကြတဲ့ ဇာတ်လမ်းလေးပါ။

7. DNA Lover – August 17

ဒါကတော့ ချစ်သူရဲ့အလိမ်အညာနဲ့ လမ်းခွဲခံရပြီးနောက်ပိုင်း သူမနဲ့လိုက်ဖက်တဲ့လက်တွဲဖော်တစ်ဦးကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တဲ့ မျိုးရိုးဗီဇဗေဒပညာရှင်တစ်ဦးရဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ သိပ္ပံနည်းအရ ရှာတွေ့နိုင်ပါ့မလားဆိုတော့ စောင့်ကြည့်ရမှာပါ။

8. Love Next Door – August 17

ဒါကတော့ အိမ်နီးနားချင်းကနေ လူကြီးဖြစ်တဲ့အထိ ကလေးဘဝကတည်းက အဖော်နှစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေးပါ။