မင်္ဂလာပါနော်။ လတ်တလော Kpop ပရိသတ်တွေကြား လူကြိုက်များပြီး ရေပန်းစားနေတဲ့ လူငယ်မိန်းကလေးအဖွဲ့ New Jeans ကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။ ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ အဖွဲ့ဝင် ငါးဦးနဲ့ဖွဲ့စည်းထားတဲ့ New Jeans ဟာ ပွဲဦးထွက်သီချင်းတွေဖြစ်တဲ့ “Attention” “Hype Boy” တို့နဲ့အတူ အချိန်တိုအတွင်း Kpop ပရိသတ်တော်တော်များများရဲ့ အာရုံစိုက်မှုရပြီး အောင်မြင်လာတဲ့ အဖွဲ့တစ်ဖွဲ့ပါ။

Photo Source: Koreaboo

ငါးဦးစလုံးဟာ ကပြားရုပ်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ Visual တွေကြောင့် လူသိများသလို သူတို့ရဲ့ မိတ်ကပ် Look တွေကလည်း ပုံမှန် Idol Look တွေနဲ့ကွဲထွက်ပြီး အရောင်ပြေပြေလေးနဲ့ Innocent ဖြစ်တဲ့ဘက် သွားတာကို တွေ့ရပါတယ်။


အဖွဲ့ဝင်တွေရဲ့ သိပ်မပြင်ထားတဲ့ပုံစံ Makeup Look ရှင်းရှင်းလေးတွေက ကြည့်လိုက်တာနဲ့ မျက်စိအေးပြီး ချစ်စရာကောင်းတာမို့ ဆယ်ကျော်သက် ကောင်မလေးတွေနဲ့ဆို ကွက်တိပါပဲ။ ဒါကြောင့်မို့ စိတ်ဝင်စားတဲ့သူတွေအတွက် New Jeans အဖွဲ့ဝင်တွေရဲ့ မိတ်ကပ် Look မျိုးရအောင် ပြင်ဆင်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ဒီ Makeup Look အတွက် မျက်လုံးနဲ့ ပါးနီခြယ်တဲ့အဆင့်က အရေးအကြီးဆုံးပါပဲ။ ပုစွန်ဆီရောင်၊ လိမ္မော်ရောင်ဘက်သွားတဲ့ ကာလာလေးရွေးပြီး အပေါ်နဲ့အောက် မျက်ခွံတစ်ခုလုံးအတွက် အောက်ခံအရောင်ပြေပြေလေးထွက်အောင် ခြယ်ပေးပါ။ အညိုရောင်ဖျော့ဖျော့ကို အောက်မျက်ခွံနဲ့ အပေါ်မျက်ခွံထောင့်နားမှာခြယ်ပြီး မျက်ကွင်း အရိပ်ကျအောင် လုပ်ပေးရပါမယ်။ အောက်မျက်ခွံတစ်ဝိုက်လုံး Blend လုပ်ပြီးခြယ်ပေးပါ။

နောက်ထပ် Chestnut အညိုကာလာလေးယူပြီး အောက်မျက်တောင်လမ်းကြောင်းမှာ ပြေပြေလေး ထပ်ဆွဲပေးပါ။

Eye Liner ကို အညိုလေးယူပြီး မျက်ခွံဘေး Line ပြေပြေလေးဖော်ပြီး ဆွဲပေးရပါမယ်။

ဒီအထိပြီးသွားပြီဆိုရင်တော့ Mascara နဲ့ မျက်တောင်လေးတွေ ရှည်ထွက်ပြီး ထင်းနေအောင် ဆွဲပေးလိုက်ရုံပါပဲ။


အပေါ်မျက်ခွံ Glitter တောက်တောက်လေးတွေထည့်ပါမယ်။ အရောင်ကိုတော့ ပန်းရောင်နုနု၊ အဖြူလေးတွေသုံးပေးပါ။


ခုဏကဆိုးထားတဲ့ အောက်မျက်ကွင်းနေရာမှာ Glitter Highlight ပြေပြေလေးထည့်ပြီး အောက်ကနေ Contour လုပ်ပေးလိုက်ပါ။ ဒီလို Eye Makeup ကို မသိမသာနဲ့ ထင်းနေအောင် မျက်ကပ်မှန်လေးတွေ တပ်ပေးရင်ပိုကောင်းပါတယ်နော်။


ပါးနီအတွက် Eye Shadow ကိုပဲသုံးပါမယ်။ လိမ္မော်ရောင်ဖျော့ဖျော့နဲ့ အညိုဘက်သွားတဲ့ Eye Shadow ကာလာလေးရွေးပြီး မျက်လုံးအောက်ကနေ ပါးအထိ Brush နဲ့ ခပ်ပြေပြေဆိုးပေးပါ။ ပြီးတာနဲ့ ပါးမို့လေးတွေနေရာမှာ အဝါရောင်လေး ထပ်ဖြည့်ပေးရပါမယ်။


ပြီးရင်တော့ မိတ်ကပ်သားသိပ်သိပ်လေးဖြစ်သွားအောင် Powder ပုတ်ပြီး နှာတံဖော်ပေးလိုက်ပါ။

နှုတ်ခမ်းနီအတွက် လိမ္မော်ရောင်သမ်းတဲ့ အရောင်အဖျော့လေးရွေးပြီး Lip Liner နဲ့ပုံဖော်ပေးပါ။ နှုတ်ခမ်းတစ်ပြင်လုံးအတွက် အနီ (သို့) ပုစွန်ဆီရောင်လေးသုံးပြီး ပြေပြေလေးဆိုးပါ။

ပြီးရင်တော့ Brush အသေးနဲ့ အရောင်လေးဖြန့်ပြီး အပေါ်က Gloss လေးထပ်ဆိုးလိုက်ပါနော်။

ဒါဆိုရင် အရုပ်ကလေးလို အရောင်ပြေပြေလေးနဲ့ Natural ဆန်ပြီးလှနေမယ့် New Jeans Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Pinterest

By MyStyle Myanmar