French Tip Nails ဆိုတာကတော့ လက်သည်းထိပ်မှာပဲ လက်သည်းနီ အရောင်တစ်မျိုး ဆိုးတဲ့ လက်သည်းဒီဇိုင်းပါ။ ဒီဒီဇိုင်းကို ၁၉၃၀ မှာ စထွင်ခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံကနေ စဖြစ်လာတဲ့ စတိုင် ဖြစ်ပါတယ်။ အရင်က လက်သည်းထိပ်လေးကို ဆိုးတဲ့အရောင်က အဖြူကိုပဲ သုံးလေ့ရှိကြပါတယ်။ အခုချိန်မှာတော့ လက်သည်းထိပ်မှာ အဖြူအပြင် တခြားအရောင်တွေပါ ပြောင်းဆိုးလာကြပါပြီ။ ဒီထဲမှာတော့ လက်သည်းထိပ်နဲ့ လက်သည်းအရောင် မတူပေမယ့် သင့်လက်သည်းပေါ် လှနေစေမယ့် အရောင်အတွဲအစပ်တွေကို ဖော်ပြပါရစေ။

၁။ အသားရောင်နဲ့ အစိမ်း

လက်သည်းနဲ့ အရောင်တူတဲ့ အရောင်ဖျော့လေးကို လက်သည်းတစ်ခုလုံးပေါ်ဆိုးပြီး ဒီပေါ်ကနေ အစိမ်းအရင့်ကို ဆိုးနိုင်ပါတယ်။

၂။ အရောင်ပြေးလေးနဲ့ အပြာ

လက်သည်းကို အရောင်နှစ်ရောင် စပ်ထားတဲ့ အရောင်ပြေးပုံစံလေး ဆိုးပြီး ဒီပေါ်ကနေ အပြာကို ဆိုးလိုက်မယ်ဆိုရင် ကြည့်မဝတဲ့ Nail Design ကို ပိုင်ဆိုင်နိုင်မှာပါ။

၃။ အညိုနဲ့ အပြာရင့်

အညိုလေးက သင့်လက်ကို ပိုဖြူစေနိုင်ပြီး ဒါကို မိုးပြာရောင်လေးနဲ့ တွဲနိုင်ပါတယ်။

၄။ အစိမ်းရောင် နှစ်သက်တဲ့ ပျိုမေတို့အတွက်

အစိမ်းကို သဘောကျတယ်ဆိုရင် အရောင်ဖျော့ကို လက်သည်းတစ်ခုလုံး ဆိုးပြီး ဒီပေါ်ကနေ လက်သည်း အစိမ်းအရင့်ကို ဆိုးနိုင်ပါတယ်။

၅။ လိမ္မော်နဲ့ အပြာရောင်

ပျိုမေတိုင်းနဲ့ လိုက်ဖက်တဲ့ အရောင်အတွဲအစပ်လေး ဖြစ်မှာပါ။

၆။ ချစ်ဖို့ကောင်းတဲ့ လက်သည်းစတိုင်လေး

သင်က မိန်းကလေးဆန်ဆန် အရောင်ဖျော့ဖျော့လေး လိုချင်ရင် ဒီလက်သည်းနီစတိုင်လေးကို Try ကြည့်သင့်ပါတယ်။

၇။ ခပ်မိုက်မိုက်စတိုင်

ခပ်မိုက်မိုက် လက်သည်းပုံစံကို လိုချင်ရင် ပုံထဲကလို အရောင်ရင့်ရင့်တွေကို ရောဆိုးနိုင်ပါတယ်။

၈။ အဖြူနဲ့

ပန်းရောင်နဲ့ လိမ္မော် အရောင် စပ်ထားတဲ့ ပုံစံလေးကို အဖြူထိပ်လေးနဲ့ တွဲနိုင်ပါတယ်။

၉။ အပြာနဲ့ အဖြူ

ထူးထူးဆန်းဆန်း အရောင်အတွဲအစပ်မျိုး လိုချင်ရင် အဖြူ၊ အပြာတွဲစပ်မှုကို ရွေးချယ်နိုင်ပါတယ်။

၁၀။ အရောင်စုံ

သင်က လက်သည်းထိပ်လေးမှာပဲ အရောင်စုံ ခြယ်ချင်တဲ့သူဆိုရင်လည်း ဒီစတိုင်က လှနေဦးမှာပါ။

၁၁။ Glitter စတိုင်

ပျိုမေအများစုနဲ့ လိုက်တဲ့ အရောင်လေးနဲ့အတူ ထိပ်မှာ Glitter ကို ဆိုးနိုင်ပါတယ်။

၁၂။ ငွေရောင်

သင်က ငွေရောင် Jewelry ကို ဝတ်တာများရင် ထိပ်မှာ ဒီလို ငွေရောင် ဆိုးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar