[Zawgyi]

လူရယ္လို႔ျဖစ္လာၿပီဆိုရင္ သူဘက္ကိုယ့္ဘက္ၾကည့္ေပးတတ္ရတယ္။ အခ်င္းခ်င္းၾကားမွာ ထားသင့္တဲ့စည္းေတြ၊ မခ်ိဳးေဖာက္သင့္တဲ့အရာေတြကို ခ်ိဳးေဖာက္လိုက္မိၿပီဆိုရင္ ဘယ္ေလာက္ပဲခင္မင္ခဲ့ ခင္မင္ခဲ့ စိတ္ထဲမွာခုတံုးတစ္ခုလိုျဖစ္သြားၿပီး ဘယ္ေတာ့မွျပန္မေခၚခ်င္ေတာ့ေလာက္ေအာင္ထိ ဆိုးရြားတဲ့အျဖစ္ပ်က္မ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။

သူငယ္ခ်င္းရဲ႕ရည္းစားေဟာင္းနဲ႔ ခ်ိန္းေတြ႕တာ

ျပတ္သြားတဲ့သင့္သူငယ္ခ်င္းရဲ႕ ရည္းစားေဟာင္းနဲ႔ သင္ကတြဲေနမယ္ဆိုရင္ ေတာ္ေတာ္ေလးကိုၾကည့္ရတာ အဆင္မေျပလွပါဘူး။ သူ႔စိတ္ထဲမွာက ျပတ္သြားၿပီးလို႔ ဘာစိတ္မွမရွိေနဘူးလို႔ ေျပာေနရင္ေတာင္ တကယ္တမ္းစိတ္ထဲမွာေတာ့ သင့္ကိုနည္းနည္းေလးေတာ့ စိတ္ရႈပ္စရာလို႔မွတ္သြားႏိုင္ပါတယ္။ အမ်ားရဲ႕အျမင္မွာလည္း သင္ကသူငယ္ခ်င္းရဲ႕ရည္းစားေဟာင္းနဲ႔ ျပန္တြဲတဲ့သူဆိုၿပီး လူမုန္းေတာင္ခံရႏိုင္တာေပါ့။

သူငယ္ခ်င္းရည္းစားဘက္က ကာကြယ္ေပးတာ

တကယ္ေတာ့ မိန္းကေလးစိတ္ကို မိန္းကေလးအခ်င္းခ်င္းပဲ နားလည္ေပးႏိုင္တာပါ။ သင့္သူငယ္ခ်င္းရည္းစားႏွစ္ေယာက္  ရန္ျဖစ္ေနတဲ့အခ်ိန္မွာ သင္ကသူ႔ရည္းစားဘက္ကေန ကာကြယ္ၿပီး သင့္သူငယ္ခ်င္းကိုပဲ အျပစ္ေတြေျပာမိေနမယ္ဆိုရင္လည္း သင့္ကိုတစ္မ်ိဳးျမင္သြားေစႏိုင္ၿပီး ခင္မင္မႈကိုလည္း အေႏွာက္အယွက္ေတြျဖစ္ေစတတ္ပါတယ္။

ရည္းစားရၿပီးမွ ပစ္ခ်သြားတာမ်ိဳး

သင္ရည္းစားမရခင္အခ်ိန္မွာေတာ့ တတြဲတြဲအတူတူရွိေနခဲ့ၿပီး ရည္းစားရသြားတဲ့အခ်ိန္က်မွ သင့္သူငယ္ခ်င္းကို အဖတ္မလုပ္ေတာ့တာမ်ိဳးေတြက သင္တို႔သူငယ္ခ်င္းႏွစ္ေယာက္ၾကားရ ဆက္ဆံေရးကိုပ်က္စီးေစႏိုင္ပါတယ္။

လိုေတာ့မွ ေခၚတာမ်ိဳး

သင္လိုအပ္ေနတဲ့အခ်ိန္မ်ိဳး တစ္ျခားသူကိုေခၚဖို႔အဆင္မေျပေတာ့မွ သူငယ္ခ်င္းကိုလိုသုံးလိုမ်ိဳး ေခၚတာမ်ိဳးက သင့္ဆီမွာေကာင္းတဲ့သူငယ္ခ်င္းေတြကို ဆုံးရႈံးမႈေတြကိုျဖစ္ေစႏိုင္ပါတယ္။ တစ္ျခားခ်ိန္ေတြမွာေတာ့ အဖတ္မလုပ္ပဲ လိုအပ္လာတဲ့အခါမွ ေခၚတာမ်ိဳးေတြက ေပါင္းသင္းဆက္ဆံေရးေတြမွာ အဆင္မေျပလြန္းလွပါဘူး။

အျပန္အလွန္ဆိုတဲ့စိတ္မ်ိဳး

ကိုယ္လိုအပ္ေနတဲ့အခ်ိန္မွာေတာ့ ေခၚၿပီးအကူအညီေတာင္းခဲ့ၿပီး သူကျပန္အကူအညီေတာင္းတဲ့အခါမ်ိဳးမွာ မသိခ်င္ေယာင္ေဆာင္ေနတတ္တာမ်ိဳး တစ္ဖက္ထဲကိုပဲၾကည့္တတ္တဲ့ တစ္ကိုယ္ေကာင္းစိတ္မ်ိဳးထားေနမယ္ဆိုရင္ေတာ့ သူငယ္ခ်င္းေတြၾကားမွာ မိတ္ပ်က္တာေတြျဖစ္လာေစႏိုင္ပါတယ္။

ဒီအခ်က္ေတြကေတာ့ မိန္းကေလးသူငယ္ခ်င္းေတြၾကားထဲမွာ တစ္ေယာက္အေပၚတစ္ေယာက္ထားသင့္တဲ့ နားလည္မႈနဲ႔ ေစာင့္ထိန္းရမယ့္အရာေတြပဲျဖစ္ပါတယ္။

Photo Source: Unsplash

[Unicode]

လူရယ်လို့ဖြစ်လာပြီဆိုရင် သူဘက်ကိုယ့်ဘက်ကြည့်ပေးတတ်ရတယ်။ အချင်းချင်းကြားမှာ ထားသင့်တဲ့စည်းတွေ၊ မချိုးဖောက်သင့်တဲ့အရာတွေကို ချိုးဖောက်လိုက်မိပြီဆိုရင် ဘယ်လောက်ပဲခင်မင်ခဲ့ ခင်မင်ခဲ့ စိတ်ထဲမှာခုတုံးတစ်ခုလိုဖြစ်သွားပြီး ဘယ်တော့မှပြန်မခေါ်ချင်တော့လောက်အောင်ထိ ဆိုးရွားတဲ့အဖြစ်ပျက်မျိုးတွေ ဖြစ်လာနိုင်ပါတယ်။

သူငယ်ချင်းရဲ့ရည်းစားဟောင်းနဲ့ ချိန်းတွေ့တာ

ပြတ်သွားတဲ့သင့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းနဲ့ သင်ကတွဲနေမယ်ဆိုရင် တော်တော်လေးကိုကြည့်ရတာ အဆင်မပြေလှပါဘူး။ သူ့စိတ်ထဲမှာက ပြတ်သွားပြီးလို့ ဘာစိတ်မှမရှိနေဘူးလို့ ပြောနေရင်တောင် တကယ်တမ်းစိတ်ထဲမှာတော့ သင့်ကိုနည်းနည်းလေးတော့ စိတ်ရှုပ်စရာလို့မှတ်သွားနိုင်ပါတယ်။ အများရဲ့အမြင်မှာလည်း သင်ကသူငယ်ချင်းရဲ့ရည်းစားဟောင်းနဲ့ ပြန်တွဲတဲ့သူဆိုပြီး လူမုန်းတောင်ခံရနိုင်တာပေါ့။

သူငယ်ချင်းရည်းစားဘက်က ကာကွယ်ပေးတာ

တကယ်တော့ မိန်းကလေးစိတ်ကို မိန်းကလေးအချင်းချင်းပဲ နားလည်ပေးနိုင်တာပါ။ သင့်သူငယ်ချင်းရည်းစားနှစ်ယောက်  ရန်ဖြစ်နေတဲ့အချိန်မှာ သင်ကသူ့ရည်းစားဘက်ကနေ ကာကွယ်ပြီး သင့်သူငယ်ချင်းကိုပဲ အပြစ်တွေပြောမိနေမယ်ဆိုရင်လည်း သင့်ကိုတစ်မျိုးမြင်သွားစေနိုင်ပြီး ခင်မင်မှုကိုလည်း အနှောက်အယှက်တွေဖြစ်စေတတ်ပါတယ်။

ရည်းစားရပြီးမှ ပစ်ချသွားတာမျိုး

သင်ရည်းစားမရခင်အချိန်မှာတော့ တတွဲတွဲအတူတူရှိနေခဲ့ပြီး ရည်းစားရသွားတဲ့အချိန်ကျမှ သင့်သူငယ်ချင်းကို အဖတ်မလုပ်တော့တာမျိုးတွေက သင်တို့သူငယ်ချင်းနှစ်ယောက်ကြားရ ဆက်ဆံရေးကိုပျက်စီးစေနိုင်ပါတယ်။

လိုတော့မှ ခေါ်တာမျိုး

သင်လိုအပ်နေတဲ့အချိန်မျိုး တစ်ခြားသူကိုခေါ်ဖို့အဆင်မပြေတော့မှ သူငယ်ချင်းကိုလိုသုံးလိုမျိုး ခေါ်တာမျိုးက သင့်ဆီမှာကောင်းတဲ့သူငယ်ချင်းတွေကို ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်ပါတယ်။ တစ်ခြားချိန်တွေမှာတော့ အဖတ်မလုပ်ပဲ လိုအပ်လာတဲ့အခါမှ ခေါ်တာမျိုးတွေက ပေါင်းသင်းဆက်ဆံရေးတွေမှာ အဆင်မပြေလွန်းလှပါဘူး။

အပြန်အလှန်ဆိုတဲ့စိတ်မျိုး

ကိုယ်လိုအပ်နေတဲ့အချိန်မှာတော့ ခေါ်ပြီးအကူအညီတောင်းခဲ့ပြီး သူကပြန်အကူအညီတောင်းတဲ့အခါမျိုးမှာ မသိချင်ယောင်ဆောင်နေတတ်တာမျိုး တစ်ဖက်ထဲကိုပဲကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းစိတ်မျိုးထားနေမယ်ဆိုရင်တော့ သူငယ်ချင်းတွေကြားမှာ မိတ်ပျက်တာတွေဖြစ်လာစေနိုင်ပါတယ်။

ဒီအချက်တွေကတော့ မိန်းကလေးသူငယ်ချင်းတွေကြားထဲမှာ တစ်ယောက်အပေါ်တစ်ယောက်ထားသင့်တဲ့ နားလည်မှုနဲ့ စောင့်ထိန်းရမယ့်အရာတွေပဲဖြစ်ပါတယ်။

Photo Source: Unsplash