မျက်နှာပေါ်က အစိတ်အပိုင်း သေးသေးလေး တစ်ခု ဖြစ်တဲ့ မျက်ခုံးက သင့်မျက်နှာကို အပြောင်းအလဲကြီး ဖြစ်စေနိုင်တာ သင်သိပြီး ဖြစ်မှာပါ။ အထူးသဖြင့် Kpop Fan တွေ ပိုသိမှာပါ။

Idol တွေရဲ့ Stylist တွေက သူတို့ရဲ့ မျက်ခုံး ပုံစံကို တစ်နှစ်နဲ့ တစ်နှစ် မတူအောင် ပြောင်းလဲ ပေးတတ်ကြပါတယ်။ Kpop Idol တွေ သွားချင်တဲ့ Concept အလိုက် သူတို့ရဲ့ မျက်ခုံးကို Stylist တွေက ပြောင်းလဲပေးကြပါတယ်။

တစ်ခါတလေတော့ မျက်ခုံးပုံစံကိုမှ တဖြည်းဖြည်း ပြောင်းလဲယူရင်း လုံးဝ ကွဲပြားတဲ့ ပုံစံမျိုး Adopt ယူလိုက်သူ Idol တွေ ရှိပါတယ်။ ဒီထဲမှာ Twice အဖွဲ့ဝင် Nayeon လည်း ပါဝင်ပါတယ်။

အွန်လိုင်း စကားဝိုင်းမှာ Kpop Fan တွေက Twice အဖွဲ့ဝင် Nayeon ရဲ့ မျက်ခုံး ပြောင်းလဲမှုကို သတိထားမိကာ ဆွေးနွေးခဲ့ကြပါတယ်။ Nayeon က ငယ်ရွယ်တဲ့ Look ကို ပေးနိုင်တဲ့ မျက်ခုံးထူထူကနေ ပိုရှင်းလင်းပြီး ခေတ်ဆန်တဲ့ မျက်ခုံးပါးပါးလေးကို ပြောင်းလဲခဲ့တာပါ။

ဖော်ပြပါ ပုံတွေကတော့ မျက်ခုံးထူထူလေးနဲ့ တုန်းက လှခဲ့တဲ့ Nayeon ရဲ့ ပုံရိပ်တွေပါ။

ဒီကနေ တစ်ဆင့် Nayeon ရဲ့ မျက်ခုံးက ကျက်သရေရှိပြီး ချစ်ဖို့ကောင်းတဲ့ ပိုပါးတဲ့ မျက်ခုံး အဖြောင့်ဆီ ပြောင်းလဲသွားပါတယ်။

Nayeon ရဲ့ နောက်ဆုံး Look ကတော့ ပိုပါးလာပြီး ပိုတိကျတဲ့ မျက်ခုံး လေးပါ။ ပရိတ်သတ်တွေကတော့ Nayeon ရဲ့ မျက်ခုံး ပုံစံ အားလုံးထဲ နောက်ဆုံး ပုံစံလေးကို သဘောကျဆုံးလို့ သတ်မှတ်ထားကြပါတယ်။

သင်ကော Nayeon လို မျက်ခုံးပုံစံ ပြောင်းလဲကြည့်ပြီး လိုက်ဖက်တဲ့ ပုံစံကို ရှာဖွေခဲ့ဖူးလား ပြောပြခဲ့ပါဦး။

Source: Koreaboo

Photo Source: Pinterest

By MyStyle Myanmar