ကိုးရီးယား ပရိတ်သတ်တွေ သတ်မှတ်လေ့ရှိတဲ့ “Hot Body” ဆိုတဲ့ သတ်မှတ်ချက်ထဲမှာတော့ ရင်အုံ့ကားကား အရပ်ရှည်ရှည် စတာတွေ ပါဝင်ပါတယ်။ ဒီအလန်းစား ခန္ဓာကိုယ်တွေထဲမှာ တကယ့် ကြွက်သားတွေ ထွက်ပြီး Six Pack ပိုင်ဆိုင်ထားတဲ့ အိုင်ဒေါတွေလည်း ပါဝင်ပါတယ်။ ဒီ ဖော်ပြပါ Idol တွေကတော့ ပရိတ်သတ်တွေ သတ်မှတ်ထားတဲ့ “Hot Body” ထဲ ပါဝင်သူတွေ ဖြစ်ပါတယ်။

Leo (VIXX)

အရပ် ၆ ပေ မြင့်ပြီး မော်ဒယ်လို ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ Leo က ဒီစာရင်းထဲ ပါတာ မမှားပါဘူး။

Kai (EXO)

Kai ရဲ့ အကသမား Body တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်က စတိတ်စင်ပေါ်မှာ အမြဲ ထင်ပေါ်လေ့ရှိပါတယ်။

Moonbin (ASTRO)

Moonbin ကိုတော့ သူ့ရဲ့ ကြွက်သားထွက်တဲ့ ခန္ဓာကိုယ်နဲ့ V Shape Body ကြောင့် လူသိများကြပါတယ်။

Baekho (NU’EST)

Baekho က သူ့ ကြွက်သား အမြောင်းမြောင်း ထွက်နေတဲ့ ခန္ဓာကိုယ်နဲ့ ပရိတ်သတ်တွေကို ဝိုးခနဲ ဝါးခနဲ ဖြစ်သွားစေပါတယ်။ သူက အင်္ကျီဝတ်လိုက်ရင်လည်း အချိုးကျကျနဲ့ ကြည့်ကောင်းနေပြန်ပါတယ်။

Juyeon (THE BOYZ)

Juyeon ရဲ့ ခန္ဓာကိုယ် အချိုးအစား ကျနမှုနဲ့ အရပ်အမြင့် ပေါင်းစပ်မှုက ပရိတ်သတ်တွေကို ရူးခါသွားစေနိုင်ပါတယ်။

Mingyu (SEVENTEEN)

Mingyu ရဲ့ ကြွက်သား ဖွံ့ဖြိုးလာမှုက သတိထားမိချင်စရာကောင်းလှအောင် သိသာလာပါတယ်။ ဒါကို သူ့ရဲ့ မကြာသေးခင်က တင်ထားတဲ့ Instagram Post တွေမှာ မြင်တွေ့နိုင်ပါတယ်။

RM (BTS)

RM ရဲ့ အရပ်မြင့်မြင့် ခပ်တောင့်တောင့် Body ကိုလည်း မေ့ထားလို့ မရပါဘူး။

Johnny (NCT)

Johnny ကတော့ အိပ်မက်ထဲက မင်းသားလေး အလား စံနှုန်းအားလုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အရပ်မြင့်တယ်၊ ဗိုက်မှာ ကြွက်သားတွေ ရှိတဲ့အပြင် သူက ဒီ အသည်းယားစရာ ကြွက်သားတွေကိုလည်း ထုတ်ပြဖို့ ဝန်မလေးတတ်ပါဘူး။

ဒီ Idol တွေထဲမှာ ဘယ်သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားကို သင် အနှစ်သက်ဆုံးလဲ ပြောပြခဲ့ပါဦး။