Kpop ပရိသတ်တွေမင်္ဂလာပါနော်။ Kpop လောကမှာ မတူညီတဲ့အလှနဲ့၊ ပြီးပြည့်စုံတဲ့မျက်နှာပေါက်တွေ ပိုင်ဆိုင်ကြတဲ့ Idol များစွာ ပေါ်ထွက်လာတာနဲ့အမျှ အပြင်လောကမှာ အချောဆုံး၊ အလှဆုံး Idol က ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစားဝေဖန်ကြတဲ့သူတွေ ပိုများလာတတ်ပါတယ်။
Kpop ကိုသိပ်မသိကြတဲ့ ကိုးရီးယားလူမျိုး Netizens တွေကပါ သတိထားမိလောက်အောင် မျက်နှာအစိတ်အပိုင်းတစ်ခုချင်း ထူးခြားပြည့်စုံတဲ့ Visual မျိုးပိုင်ဆိုင်ကြတဲ့ 3rd Generation အမျိုးသမီး Kpop Idols တွေရှိပါတယ်။

ဒီတစ်ခေါက်မှာ သူတို့သတ်မှတ်ထားတဲ့ အချောဆုံးအမျိုးသမီး Idol ငါးဦးအကြောင်းကို ဖော်ပြပေးသွားမှာပါ။ Kpop ပရိသတ်တွေရဲ့ စိတ်ကူးထဲက အချောဆုံးအဖြစ် သတ်မှတ်ထားတဲ့ Idol တွေ ပါလာမလား စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်နော်-

၁။ Red Velvet အဖွဲ့ဝင် “Irene”


Netizen တွေအပြောအများဆုံး ပထမတစ်ယောက်ကတော့ Red Velvet အဖွဲ့က Irene ပဲဖြစ်ပါတယ်။ သူမရဲ့ မျက်လုံးကြီးကြီးဝိုင်းဝိုင်းတွေ၊ လှပပြီးအချိုးကျတဲ့ နှာတံ၊ မျက်ခုံးထူထူနဲ့ နှုတ်ခမ်းဖူးလေးတွေက မြင်ရသူတိုင်းကို လည်ပြန်ငေးရစေတဲ့အလှမျိုးလို့ပြောလို့ရပါတယ်။ ဒီနှစ်ထဲမှာ အသက် ၃၁ နှစ်ပြည့်တော့မယ့်သူတစ်ယောက်ဖြစ်ပေမယ့် ၃၀ ကျော်လို့မထင်ရလောက်အောင် လှနေဆဲဖြစ်တဲ့ Idol တစ်ဦးဆိုရင်လည်းမမှားပါဘူး။

၂။ Red Velvet အဖွဲ့ဝင် “Joy”


နောက်ထပ် လူကြိုက်များတဲ့ Idol ကလည်း Red Velvet အဖွဲ့ထဲကဖြစ်ပြီး သဘာဝဆန်တဲ့အလှနဲ့ အပြုံးချိုချိုလေးတွေပိုင်ဆိုင်ထားတဲ့ အဖွဲ့ဝင် Joy ပဲဖြစ်ပါတယ်။ သူမဟာ အများကြားမှာထင်းနေစေတဲ့ အရပ်အမောင်းမျိုးရှိတဲ့အပြင် ပြည့်စုံတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကိုပိုင်ဆိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ မျက်လုံးတောက်တောက်လေးတွေနဲ့ မေးရိုးချွန်ချွန်အလှကလည်း Netizen အများစု သတိထားမိတဲ့ အရာတွေထဲမှာပါဝင်ပါတယ်။

၃။ BLACKPINK အဖွဲ့ဝင် Jennie


အလှဆုံးနဲ့အထာအကျဆုံး Idol တွေထဲမှာဆိုရင် ခပ်ချေချေနဲ့ Model တစ်ယောက်လို ပြည့်စုံတဲ့ အလှမျိုးပိုင်ဆိုင်ထားတဲ့ BLACKPINK အဖွဲ့ဝင် Jennie ကိုလည်း မေ့ထားလို့မရပါဘူး။ သူမဟာ ပြုံးလိုက်တိုင်းချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့မျက်နှာပေါက်လေးရှိတဲ့အပြင်၊ ခပ်တည်တည်၊ ဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးနဲ့လိုက်ဖက်တဲ့ အထာကျကျမျက်နှာပေါက်မျိုးရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။

၄။ BLACKPINK အဖွဲ့ဝင် “Jisoo”


နောက်ထပ် Netizen တွေကြားလူပြောများတဲ့အလှဆုံး Idol ကတော့ Jisoo ပါ။ Jisoo ကို တော်တော်များများက မြင်သူတိုင်း ပါးစပ်အဟောင်းသားဖြစ်ရလောက်တဲ့ အလှမျိုးပိုင်ဆိုင်ထားသူ အဖြစ်သတ်မှတ်လေ့ရှိကြပါတယ်။ သူမမှာ မိန်းကလေးတွေရဲ့ စိတ်ကူးထဲကလို အချိုးကျတဲ့မျက်နှာပုံစံရှိတာကြောင့် ကိုးရီးယားက အမျိုးသမီးအများစုဟာလည်း သူမမျက်နှာနဲ့တူအောင်ခွဲစိတ်ပြုပြင်လေ့ရှိကြတယ်လို့ Netizen တွေက ရေးသားခဲ့ကြပါတယ်။

၅။ Twice အဖွဲ့ဝင် “Tzuyu”


Twice အဖွဲ့ရဲ့ အငယ်ဆုံး အဖွဲ့ဝင် Tzuyu ကလည်း အလှဆုံးအဖြစ် လူပြောများတဲ့ Idol ငါးယောက်ထဲက တစ်ယောက်ပါပဲ။ သူမကို ၂၀၁၅ ခုနှစ် ပွဲဦးထွက်စဉ်ကတည်းက မျက်နှာချိုပြီး မျက်လုံးဝိုင်းဝိုင်း တောက်တောက်လေးတွေ ပိုင်ဆိုင်ထားတာကြောင့် တော်တော်များများ သတိထားမိခဲ့ကြပြီး အခုထိလည်း နတ်သမီးလေးတစ်ပါးလို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ပုံစံလေး ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း Netizen တွက သတ်မှတ်ထားကြပါတယ်။

Photo Source: Pinterest