သင်က အနားယူတဲ့အချိန်မှာ ဇာတ်လမ်းကြည့်လေ့ရှိတဲ့ လူငယ်မိန်းကလေးတစ်ဦးဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်က အကြိုက်မတူနိုင်ပေမယ့် အခုဖော်ပြထားတဲ့ ဇာတ်လမ်းတွေကိုတော့ လူငယ် မိန်းကလေး အများစု နှစ်သက်ကြပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာ လေ့လာနေတဲ့ လူငယ်တွေအတွက် အောက်ဖော်ပြပါ ဇာတ်လမ်းတွေက အသုံးဝင်မှာပါ။ သင်က ဖော်ပြပါ Netflix Series တွေထဲ မကြည့်ရသေးတာကို ရွေးကြည့်နိုင်ပါတယ်။

၁။ Gilmore Girls

“Gilmore Girls” က Season ၇ ခုနဲ့ အပိုင်းပေါင်း ၁၅၃ ပိုင်း ပါဝင်ပါတယ်။ ဘဝကို ဘယ်သူ့အကူအညီမှ မယူဘဲ ရပ်တည်နေတဲ့ မိခင်ဖြစ်သူ Lorelai Gilmore နဲ့ လူငယ်အရွယ် သမီးကြားက သံယောဇဉ်နဲ့ ပဋိပက္ခတွေ ကို ကြည့်ရှုရမှာပါ။

၂။ Insatiable

အဝလွန်နေတဲ့ လူငယ်ကောင်မလေး Patty က ကျောင်းမှာ နှစ် တော်တော်ကြာကြာ Bully ခံခဲ့ရပါတယ်။ သူမက အနိုင်ကျင့်ခံရတာတွေကြောင့် နာကျည်းကာ ဝိတ်ကျအောင် ကြိုးစားခဲ့ပါတယ်။ ဝိတ်ကျပြီးနောက် သူမအပေါ် Body Shame လုပ်ခဲ့သူတွေကို ဘယ်လို လက်စားချေမလဲ စိတ်ဝင်တစား ကြည့်ရမှာပါ။

၃။ Riverdale

ဒီ Series က အနည်းငယ်ရှုပ်ပေမယ့် စိတ်ခြောက်ခြားစရာ မှုခင်းပုံစံ ဇာတ်လမ်းမျိုးကို နှစ်သက်ရင် ကြည့်သင့်ပါတယ်။ မှုခင်းပြဿနာတွေကို လူငယ်သူငယ်ချင်းတွေ ဘယ်လိုအဖြေရှာကြလဲ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။

၄။ Stranger Things

သည်းထိတ်ရင်ဖို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းကို သဘောကျတဲ့ လူငယ်မိန်းကလေးတွေ Stranger Things ကို မဖြစ်မနေ ကြည့်သင့်ပါတယ်။ Season တစ်ခုနဲ့ တစ်ခု ဗီလိန်က ပိုအားကောင်းလာတာကိုလည်း စိတ်ဝင်တစား ကြည့်ရမှာပါ။

၅။ The Vampire Diaries

အထက်တန်းကျောင်းစတက်တဲ့ ပထမဆုံးရက်မှာပဲ Elena ဆိုတဲ့ ကောင်မလေးက Stefan ဆိုတဲ့ကောင်လေးနဲ့ တွေ့ကာ စိတ်ချင်းရင်းနှီးနေတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ သူမ မသိထားတာက သူမရဲ့ အကိုဖြစ်သူ Damon နဲ့ Stefan က Vampire တွေ ဆိုတာပါ။

၆။ Gossip Girl

Blair Waldorf က သူမရဲ့ ကျောင်းမှာ ပေါ်ပြူလာ အဖြစ်ဆုံး ကျောင်းသူတစ်ဦး ဖြစ်ပြီး အားလုံးက အားကျရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူမရဲ့ အခင်ဆုံး သူငယ်ချင်းဟောင်းနဲ့ ကျောင်းမှာ ပြန်ဆုံတဲ့အခါ ဘဝက အရင်လို ထပ်တူမကျတော့ပါဘူး။

သင့်အနေနဲ့ ဒီထဲ ကြည့်ပြီးသား Series ဘယ်နှစ်ခုပါလဲ ပြောပြခဲ့ပါဦး။

Photo source: Pinterest

By MyStyle Myanmar