အခုနောက်ပိုင်း ဆွဲကြိုး သေးသေးလေးတွေကို အဝတ်များလာကြပါတယ်။ ဟိုးအရင်ကဆိုရင် ရွှေနဲ့ပတ်သက်ရင် ကြီးနေမှ၊ထည်နေမှ လူတွေက အထင်ကြီးတဲ့ မျက်လုံးနဲ့ ကြည့်တတ်ကြသလို တချို့တွေဆိုရင် ဒီလိုဝတ်မှ ကျက်သရေရှိပြီး လူအထင်ကြီးခံရမယ်လို့ ယုံကြည်တတ်ကြပါတယ်။ တကယ်တော့ ဘယ်သူ ဘယ်လိုပဲထင်ထင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှု ရှိဖို့က အရေးအကြီးဆုံးပါပဲ။ ဒီခေတ်မှာလည်း တခြားသူရဲ့အမြင်ထက် ကိုယ်အဆင်ပြေဖို့ကို ဦးစားပေးတဲ့ သဘောထားတွေ၊ လက်ခံမှုတွေ ပိုများလာပါပြီ။ သင်ကိုယ်တိုင်ကလည်း ဆွဲကြိုးဆိုရင် အကြီးကြီးတွေထက် သေးတာလေးတွေ နှစ်သက်လို့ ဒီအကြောင်းအရာကို လာဖတ်တာပါ။

ဖော်ပြပါ ဆွဲကြိုးပုံစံတွေက လူငယ်ဆန်ပြီး လည်တိုင် သွယ်သွယ်လေးတွေကို ရိုးရိုးရှင်းရှင်းလေးနဲ့ လှစေမယ့် ပုံစံတွေ ဖြစ်ပါတယ်။

လိပ်ပြာပုံစံကိုမှ အလွှာနှစ်လွှာပါတဲ့ ဆွဲကြိုးတွေက လည်ပင်းပိုသွယ်တယ် ထင်ရစေပါတယ်။

အပြာရောင် နှစ်သက်တဲ့ မိန်းကလေးတွေအနေနဲ့ အပြာရောင် လိပ်ပြာ ဆွဲကြိုးလေး ပိုင်ဆိုင်ထားမယ်ဆိုရင် အရင်ထက် ပိုစတိုင်ကျနိုင်ပါတယ်။

နှစ်ထပ် ဆွဲကြိုးကိုမှ ဆွဲကြိုး မျှင်မျှင်လေးက ရိုးရှင်းပြီး ကြည့်ရလှပါတယ်။

လ ပုံစံ ဆွဲကြိုးလေးက စိတ်ကူးယဉ် ဆန်ဆန် ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။

လိပ်ပြာကိုမှ ကျောက်လေးတွေနဲ့ စီထားတဲ့ ဆွဲကြိုးစတိုင်က Luxury ဆန်ပါတယ်။

ဆွဲကြိုးအရှည်လေးက အင်္ကျီ လည်ပင်းအကျယ် ဝတ်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။

ရိုးရိုးရှင်းရှင်း ဂါဝန်လေးတွေနဲ့ လိုက်ဖက်မယ့် ဆွဲကြိုး စတိုင်

ကိုးရီးယားဆန်ဆန် Aesthetic ပုံစံလေး လိုချင်ရင် ရှိထားသင့်တဲ့ ဆွဲကြိုးဒီဇိုင်း

ထင်ရှားလွန်းတာကို မကြိုက်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့် ဒီဇိုင်း ဖြစ်ပါတယ်။

နတ်သမီးတစ်ပါးနဲ့ တူစေမယ့် ဆွဲကြိုး ဒီဇိုင်း

လိပ်ပြာကိုမှ ရွှေရောင်စတိုင်လေးက Warm Skin Tone ပိုင်ရှင် ပျိုမေတို့နဲ့ လိုက်ဖက်ပါတယ်။

ဆွဲကြိုးပါးပါးလေးကိုမှ ကျောက်အရောင် အမျိုးမျိုး ပြောင်းနိုင်မယ့် ဒီဇိုင်းလေး ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar