ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက် စတဲ့ ဖက်ရှင် ပစ္စည်းတွေက ပျိုမေတို့ကြားမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တဲ့ ဖက်ရှင်ပစ္စည်းတွေပါ။ မိန်းကလေးတိုင်းလိုလို ဖက်ရှင် Accessories တွေကို နှစ်သက်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ မိန်းကလေးတိုင်းလိုလိုနဲ့ လိုက်ဖက်ကာ ဝတ်ဆင်သူ ပျိုမေတိုင်းကို ကျော့ရှင်းသပ်ရပ်တဲ့ Neat Look ကို ပိုင်ဆိုင်စေမယ့် ဆွဲကြိုး ဒီဇိုင်းပုံစံတွေကို ဖော်ပြပါရစေ။ သင်က ဒီဆွဲကြိုးပုံစံတွေအတိုင်း ဆိုင်ကို လုပ်ခိုင်းလို့ ရသလို၊ လိုင်းပေါ်ကလည်း ပုံပြပြီး ဝယ်လို့ရပါတယ်။

အောက်ဖော်ပြပါ ဆွဲကြိုးပုံစံတွေက ထသွားထလာ ရည်ရွယ်ချက်အတွက် သင့်တော်သလို ဂါဝန်၊ ပွဲတက်ဝတ်စုံစတဲ့ အဝတ်အစားတွေနဲ့လည်း လိုက်ဖက်ပါတယ်။

အောက်ဘက် အချွန်ပုံစံသွားတဲ့ ဆွဲကြိုးလေး

ရိုးရှင်းတဲ့ ကြိုးသေးသေးလေးတွေကလည်း Neat Look ပါပဲ။

အသဲပုံ ပုံစံလေး နှစ်သက်ရင် ဒီဆွဲကြိုးသေးသေးလေးက မိုက်ပါတယ်။

လိပ်ပြာသေးသေးလေးတွေ နှစ်သက်တဲ့ ကောင်မလေးတွေအတွက်

တြိဂံပုံစံ ရိုးရိုးရှင်းရှင်းလေး

ပျိုမေတို့ကြား ရေပန်းစားတဲ့ ဒီဇိုင်း

ဖြတ်ဖြတ်တောက်နေတဲ့ ကျောက်၊ စိန် ဆွဲကြိုးကို နှစ်သက်တဲ့ ပျိုမေတို့အတွက်

သမင်ပျိုရဲ့ ချိုနဲ့ တူတဲ့ ကျက်သရေရှိတဲ့ ဆွဲကြိုး

အရောင်အဆန်း ကျောက်လေးနဲ့ ရိုးရိုးရှင်းရှင်း

ရှားပါးအရောင် ကျောက်လေးနဲ့ ဆွဲကြိုး

ပန်းရောင်နှစ်သက်တဲ့ ပျိုမေတွေ ပိုင်ဆိုင်ထားသင့်တဲ့ ဆွဲကြိုးပုံစံပါ။

စိတ်ဝင်စားဖို့ ကောင်းတဲ့ မိန်းကလေးတစ်ယောက် အဖြစ် ပါဝါနဲ့ ပြောင်းလဲပေးနိုင်မယ့် ဆွဲကြိုးပုံစံ

Photo Source: Pinterest

By MyStyle Myanmar