မိန်းကလေးတွေက ဆံပင်အရှည်မြန်တာ၊ ဆံပင်သန်တာကို တော်တော်လေးကြိုက်ကြပါတယ်။ ဆံပင်အရှည်မြန်စေတဲ့ ဓာတုဆေးတွေကလည်း စျေးကွက်မှာ အမျိုးမျိုးထွက်ရှိနေပါတယ်။ ဒါပေမယ့် ဆံပင်အရှည်မြန်တာလိုချင်တယ် ဆေးတွေလည်းမသောက်ချင်ဘူးသဘာဝနည်းအတိုင်းပဲ သန်မာချင်တယ် အရှည်မြန်ချင်တယ်ဆိုရင်တော့ နည်းလမ်းလေးတွေပြောပြမယ်နော်။ အိမ်မှာရှိတဲ့ အရာတွေနဲ့တောင် နည်းမှန်မှန်နဲ့ လုပ််လို့ရတဲ့အတွက် လုပ်ကြည့်သင့်ပါတယ်။

ကြက်ဥနဲ့သံလွင်ဆီ 

ကြက်ဥတစ်လုံးကို ပန်းကန်လုံးလေးထဲ ဖောက်ထည့်ပါ။ ဆံပင်ထူတဲ့သူဆိုရင်တော့ နှစ်လုံးထည့်ပါနော်။ ကြက်ဥကိုသေချာလေးမွေပေးရပါမယ်။ ကြက်ဥအရည်လေး ပြစ်လာပြီဆိုရင် သံလွင်ဆီကိုလက်ဖက်ရည်ဇွန်း၂ ဇွန်းခန့်ထည့်ပြီး ရောမွေပေးပါ။ ဆံသားအရင်းကနေ နှပ်အောင်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ခန့်လောက် ထားပေးရပါမယ်။ ပြီးရင်တော့ ခေါင်းကိုသေချာအောင်လျှော်ပေးရပါမယ်။

အုန်းဆီ

အုန်းဆီကိုတော့ ခေါင်းလျှော်မခင် တစ်ရက်အလိုမှာ ဦးရေပြားကနေဆံဖျားအရင်းလေး နှပ်နေပြီးလိမ်းပေးရပါမယ်။ အုန်းဆီက ဆံသားကိုကျန်းမာစေနိုင်တဲ့အပြင် ဆံပင်အရှည်လည်း မြန်စေပါတယ်။ တစ်ညလောက်ပေါင်းထားလိုက်ပြီး မနက်စောစောလေးထပြီး  ခေါင်းလျှော်ပေးလိုက်ရင်ရပါတယ်။ တစ်ပတ်ကိုနှစ်ခါလောက် လုပ်ပေးပေးသင့်ပါတယ်။

ရှားစောင်းလပတ်နဲ့ သံလွင်ဆီ

ရှားစောင်းလပတ်ကတော့ စွယ်စုံရတဲ့ဆေးတစ်မျိုးလို့လည်း ပြောလို့ရပါတယ်။ ရှားစောင်းလပတ်ကို အနှစ်ထုပ်ပြီး သံလွင်ဆီကိုလည်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက်ပဲထည့်ပေးရပါမယ်။ ရေမွေပြီးရင်တော့ ဦးရေပြားကိုနေ လိမ်းပေးလို့ရပါတယ်။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ခေါင်းလျှော်ပေးလို့ရပါပြီနော်။

Photo Source – Free.pik