သဘာဝ တောတောင် ရှုခင်းတွေ၊ အစိမ်းရောင် အပင်တွေ၊ ကောင်းကင်ပြာပြာနဲ့ ရေစီးဆင်းသံတွေက လူတစ်ယောက်ရဲ့ စိတ်ကို အေးချမ်းစေနိုင်ပါတယ်။ ဒီလိုပဲ သဘာဝ အပင်တွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားချပ်တွေကလည်း အမြင်အေးစေပါတယ်။ လွမ်းချင်တဲ့ စိတ်ကို ပိုလွမ်းစေပြီး ရှုပ်နေတဲ့ စိတ်တွေ ရှင်းသွားစေဖို့ အသက်ဝင်တဲ့ ပန်းချီကားတွေက စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်တစ်နေ့တာကို အေးချမ်းစေဖို့ အမောပြေကြည့်နိုင်မယ့် ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။

နေရောင်ဖျော့ဖျော့လေးက မှန်ပြတင်းပေါက်က ဝင်လာတဲ့အချိန် ကော်ဖီတစ်ခွက်ကို သောက်လိုက်ရမယ်ဆိုရင်…

အပင်ရှုခင်းတွေကို နောက်ခံထားပြီး ပြုံးနေတဲ့ မိန်းကလေးတစ်ယောက်က သင့်စိတ်ကို အေးချမ်းစေမှာ မလွဲပါပဲ။

 

အစိမ်းရောင်တွေ ဖုံးလွှမ်းနေတဲ့ အပင်တွေကို မျက်စိတစ်ဆုံး ကြည့်လိုက်မယ်ဆိုရင် အမောပြေစေမှာပါ။

ဒီလိုနေရာလေးမှာ နေရဖို့က စိတ်ကူးအိပ်မက်တွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။

မီးရောင်ဖျဖျလေးအောက်မှာ အပင်တွေနား နီးနေတဲ့အချိန် အေးချမ်းမှု တစ်ခုကို ခံစားရနိုင်ပါတယ်။

သင်သာ ဒီရှူခင်းမျိုး အပြင်မှာ မြင်ခွင့်ရမယ်ဆိုရင် ဓာတ်ပုံအများအပြား ရိုက်မိမှာပါ။

သင့်ကို ပိုလွမ်းစေမယ့်အပြင် အထီးကျန်ခြင်းကိုပါ ခံစားမိစေမယ့် ပုံရိပ်

ဒီရှုခင်းလေးက Anime ဇာတ်ကားတစ်ချို့မှာ တွေ့ရလေ့ရှိပြီး သင်ရောက်ဖူးချင်မယ့် နေရာတစ်ခုပါ။

အရိပ်ရတဲ့ အပင်တွေကြားထဲ နေရတာက အေးချမ်းမှုကို ခံစားရစေပါတယ်။

တစ်ယောက်တည်း ကိုယ့်အထာနဲ့ကိုယ် နေတဲ့ ကောင်မလေးကို သင် ခံစားချက်ချင်း ဆက်နွယ်နိုင်မှာပါ။

အပင်ရိပ်အောက်မှာ ထိုင်ရင်း စကားပြောနေကြတဲ့ မိန်းကလေးနှစ်ယောက်ကို မြင်တော့ သင့်သူငယ်ချင်းကို သတိရနိုင်ပါတယ်။

ကိုယ့် တိလေးနဲ့ ဆက်သွယ်စကားပြောရတာက ကြည်နူးစရာတစ်ခုပါပဲ။

ဒီမိန်းကလေးနေရာမှာ သင်သာဆိုရင်လို့ ခံစားမိရုံနဲ့ သင့်စိတ်ကို အေးချမ်းစေနိုင်ပါတယ်။

နှစ်ယောက်အတူ အအေးသောက်ရင်း သဘာဝအလှကို ခံစားမယ်။

အရိပ်အာဝါသအောက်မှာ မြင်ရတဲ့ ရှုခင်းက အမြင်အေးလှပါတယ်။

လေတိုက်တဲ့ အပင်တွေကြားက လမ်းမထဲ သူငယ်ချင်းနဲ့ အတူ စက်ဘီးစီးမယ်။

Photo Source: Pinterest

By MyStyle Myanmar