ညကသူငယ်ချင်းတွေနဲ့ သောက်တာများသွားပြီး မနက်ကျတော့ ခေါင်းတွေအရမ်းမခံမရပ်နိုင်အောင်ကိုက်နေတယ်။ ဘာမှလည်းမလုပ်ချင်ဘူး၊ ဘာမှလည်းမလုပ်နိုင်ဘူးဖြစ်နေတယ်။ အရက်သောက်ခြင်းက သောက်နေတဲ့အချိန်တော့ ကောင်းပေမယ့်အလွန်အကြူးသောက်မိပြီး Hangover ဖြစ်သွားရင်တော့ ငါဘာလို့အဲ့လောက်အများကြီးသောက်မိတာလည်းလို့ဖြစ်နေမှာ အမှန်ပါနော်။ Hangover ဖြစ်တာကို အမြန်ဆုံးသက်သာစေတဲ့ သဘာဝကုထုံးနည်းတွေကို ပြောပြပေးချင်ပါတယ်။
ရေများများသောက်ပါ
Alcohol ကခန္ဓာကိုယ်အတွင်းမှာရေဓာတ်ကိုစုပ်ယူလိုက်တာအတွက် နိုးလာတာနဲ့အာခေါင်တွေခြောက်နေတာမျိုးဖြစ်တတ်ပါတယ်။ အဲ့တော့ အရက်မသောက်ခင်မှာလည်း ရေများများသောက်ပေးဖို့လည်း လိုသလိုနိုးလာတဲ့အချိန်မှာလည်း ရေဓာတ်ကိုပုံမှန်ထက်ပိုဖြည့်ပေးဖို့လိုအပ်ပါတယ်နော်။
ဂျင်းစားပေးပါ
ဂျင်းစားပေးခြင်းကအော့အန်ချင်တာတွေကို အထူးသက်သာစေပါတယ်။ Hangover ဖြစ်ခြင်းရဲ့အကြောင်းအရင်းက ပျို့အန်ချင်တာ၊ နေရာတာမအီမသာဖြစ်တာပေါ့နော်။ ဂျင်းပြုတ်ရည်သောက်ပေးတာမျိုးဖြစ်ဖြစ်၊ အစိမ်းပါးပါးလေးလှီးပြီးစားပေးတာမျိုး ဖြစ်ဖြစ်စားပေးသင့်ပါတယ်။
ပျားရည်သောက်ပါ
ပျားရည်မှာပါဝင်တဲ့ အချိုဓာတ်က Hangover ဖြစ်နေတဲ့အဆိတ်အတောက်တွေကို အကောင်းဆုံးကုသပေးနိုင်တဲ့ ဆေးတစ်မျိုးလို့ ဆရာဝန်တွေကလေ့လာထားပါတယ်။ ပျားရည်ထဲကို သံပရာအရည်လည်းထည့်ပြီး သောက်ပေးလို့ရပါတယ်နော်။
Photo Source -free pik