ရာသီတုပ်ကွေးဆိုတာက မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ တုပ်ကွေးအမျိုးအစားဖြစ်ပါတယ်။ မိမိမှာတုပ်ကွေးဝေဒနာခံစားနေရပြီဆိုလျှင် ခေါင်းထိုးခေါက်ကိုက်၊ အဖျားဝင်မယ်၊ ကိုယ်လက်ကိုက်ခဲမယ် စတဲ့အရာတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။ တုပ်ကွေးမဖြစ်မအောင်  အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ သဘာဝနည်းလမ်းတွေဖြစ်ပြီး မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့နည်းလမ်းလေးတွေလို့လည်းပြောလို့ရပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတစ်ချို့လူတွေကနံလို့ဆိုပြီး မစားကျပါဘူး ဒါပေမယ့်တကယ်တမ်းတော့ ကြက်သွန်ဖြူမှာပါဝင်တဲ့ ဓာတ်တွေက သဘာဝပိုးမွှားသေစေနိုင်တဲ့အပြင် အပူကိုလည်းငြိမ်းစေပါတယ်။

ဂျင်းပြုတ်ရည် 

ဂျင်းပြုတ်ရည်ကို အခုလိုရာသီမျိုးမှာတစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးသင့်ပါတယ်။ ဂျင်းပြုတ်ရည်တွေထဲကိုတော့ ပျားရည်၊သံပရာရည်၊တို့ကိုလည်းထည့်ပြီးသောက်လို့ရပါတယ်။ဂျင်းပြုတ်ရည်က လေပျိုခြင်း၊ ဖျားနာခြင်း၊ ရင်ကျပ်ခြင်းတို့ကိုလည်း သက်သာစေပါတယ်။

သံပရာရည်

သံပရာရည်ကို ပုံမှန်ဆိုရင် ရေအေးနဲ့ပဲဖျော်သောက်ကြတာများပါတယ်။ အခုလိုရာသီမျိုးမှာဆိုရေနွေးနဲ့ဖျော်သောက်ဖို့ အကြံပေးချင်ပါတယ်။ သံပရာရည်က အအေးမိတာတွေ၊ နှာစေးတာမျိုးတွေဖြစ်ချင်တာမျိုးတွေ ဆိုသောက်ပေးသင့်ပါတယ်။

Photo Source – Free.pik