မျက်နှာအသားအရေဆိုတာကလည်း ပိုးမွှေးသလိုပဲ မွှေးရတဲ့အရာမျိုးပါ။ မျက်နှာအသားအရေကို ကိုယ်ကဂရုစိုက်နိုင်ရင် စိုက်နိုင်သလောက်လှတာမျိုးဆိုတော့ လှချင်ရင်တော့ သေချာဂရုစိုက်ပေးသင့်ပါတယ်။ မျက်နှာအသားအရေက မညီမညာဖြစ်နေမယ်၊ ထင်သလောက်မနူးညံ့ဘူး၊ ကြမ်းကြမ်းကြီးတွေဖြစ်နေသလို ခံစားနေရပြီလား ။ သဘာဝနည်းအတိုင် တစ်ပတ်နှစ်ခါလောက်  ပေါင်းတင်ပေးရုံနဲ့  ဒီပြဿနာတွေဖြေရှင်း ပြီးသွားရင်ဆိုရင်ရော။

ထောပတ်သီး

ထောပတ်သီးက အခုလိုရာသီမှာဆိုရင် စျေးထဲမှာလည်း အလွယ်တကူဝယ်လို့ရနေပြီဆိုတော့ မခက်ဘူးနော်။ ထောပတ်သီးတစ်လုံးကို ပန်းကန်လုံးထဲကို ထည့်ပြီးချေပေးရပါမယ်။ ထောပတ်သီးက မှည့်နေဖို့တော့လိုအပ်ပါတယ်။ မျက်နှာပြင်တစ်ခုလုံးကို ထူထူးလေးလိမ်းပြီး မိနစ် ၂၀ခန့်လောက်ပေါင်းတင်ထားပေးလို့ရပါတယ်။ ခြောက်သွားပြီးဆိုရင်တော့ ရေနွေးလေးနဲ့မျက်နှာပြန်သစ်ဖို့ မမေ့ပါနဲ့နော်။

ပျားရည်နဲ့သကြား 

ပျားရည်မှာပါဝင်တဲ့ ဓာတ်ကမျက်နှာပေါ်မှာရှိတဲ့ အဆိတ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပျားရည်ကိုလိုသလောက်ထည့်ပြီး သကြားကိုတော့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ထည့်ပြီး ရောမွေပေးပါ။ လက်ကိုတော့စင်ကြည်အောင်ဆေးပြီ ရောထားတဲ့အရည်ကို မျက်နှာပြင်ပေါ်မှာ ပွတ်တိုက်ပေးရပါမယ်။ သကြားတွေအရည်ပျော်တဲ့အထိ ပွတ်တိုက်ပေးရပါမယ်နော်။

နနွင်းမှုန့် နဲ့ပျားရည် 

နနွင်းမှုန့်မှာ ဗီတာမင်အေပါဝင်တဲ့အတွက် အသားအရေကို ကြည်လင်စေပါတယ်။ နနွင်းမှုန့်ကိုပျားရည်နဲ့သေချာလေး ရောမွေပေးပါ။ မျက်နှာပေါ်မှာလည်း မိနစ်၂၀လောက်ထားပေးရင်အဆင်ပြေပါတယ်။ ဒီနည်းလမ်းလေးက ညအိပ်ရာဝင်ခါနီးတိုင်းလည်းလုပ်ပေးလို့ရပါတယ်။ အဆီပြန်တဲ့အသားအရေအတွက် အထူးကောင်းမွန်တဲ့ နည်းလမ်းလေးဖြစ်ပါတယ်။

Photo Source – Free Pik