မင်္ဂလာပါနော်။ ချိုင်းကြားအသားအရေလေး မည်းနေလို့ စိတ်ညစ်နေလား။ ချိုင်းကြားအသားအရေ မည်းညစ်နေတယ်ဆိုရင်တော့ သင့်ကိုယ်သင် ယုံကြည်မှု ရှိမှာမဟုတ်သလို အင်္ကျီ လက်ပြတ်လည်း ဝတ်ရတာ အဆင်ပြေမှာမဟုတ်ပါဘူးနော်။

ဒါကြောင့် ချိုင်းကြားအသားအရေလေး ဖြူဝင်းပြီး သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိဖို့အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ သခွားသီး

သခွားသီးဟာ မျက်ကွင်းညိုတာ၊ မျက်အိတ်ယောင်တာကို သက်သာစေရုံသာမက ချိုင်းကြားအသားအရေကိုလည်း ဖြူဝင်းစေပါတယ်။ ဒါ့ကြောင့်သခွားသီးကို ပါးပါးလှီးပြီး ချိုင်းကြားမှာ ကပ်ပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၂။ အာလူး

အာလူးကလည်း သင့်ရဲ့ မျက်ကွင်းညိုတာကိုသက်သာစေသလို ချိုင်းကြားအသားအရေကိုလည်း ဖြူဝင်းစေပါတယ်။ ဒါ့ကြောင့် အာလူးစိမ်းကို ပါးပါးလှီးပြီး သေချာလေး ကြိတ်လိုက်ပါ။ ပြီးရင် ချိုင်းကြားမှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။

၃။ သကြား

သကြားကလည်း ဆဲလ်သေတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားစေပြီး ချိုင်းကြားအသားအရေကို ဖြူဝင်းစေပါတယ်။ သကြားကို ပျားရည်နဲ့ ရောပြီး ချိုင်းအောက်မှာ လိမ်းပေးလိုက်ပါ။ ပြီးသွားရင်တော့ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၄။ ဒိန်ချဉ်

ဒိန်ချဉ်ကလည်း ချိုင်းကြားက အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။ ချိုင်းကြားအသားအရေအတွက် ဒိန်ချဉ်ကို ချိုင်းအောက်မှာ လိမ်းပေးလိုက်ပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

၅။ သင်္ဘောသီး

သင်္ဘောသီးကလည်း သင့်အသားအရေအတွက် ကောင်းမွန်ပါတယ်။ သင်္ဘောသီးမှည့်ကို ကျိတ်လိုက်ပြီး ကြိုင်းကြားမှာ လိမ်းပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

တစ်ခုချင်းဆီကို နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။