ဆောင်းတွင်းမှာဆိုရင် ဦးရေပြားခြောက်တော့ ပုံမှန်ဗောက်မထတဲ့သူတောင်မှ ဗောက်ထလေ့ရှိပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာကြုံတွေ့ရတဲ့ ဗောက်ပြဿနာကို ဖြေရှင်းနိုင်မယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အုန်းဆီနဲ့သံပယိုရည်

အုန်းဆီကို အပူပေးပြီး နွေးနွေးလေးဖြစ်သွားရင် စားပွဲတင်ဇွန်း ၂ ဇွန်းယူပြီး သံပယိုရည်နဲ့ ဆတူရောမွှေပါ။ ပြီးရင် ဦးရေပြားအနှံ့ ပွတ်လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ ပြီးရင်တော့ ခေါင်းလျှော်လို့ရပါပြီ။ ဒီနည်းလမ်းက ဗောက်တွေ သက်သာပျောက်ကင်းစေတဲ့အပြင် ဗောက်မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။

Almond Oil နဲ့ Tea Tree Oil

Almond Oil – ၅၀ မီလီလီတာကို Tea Tree Oil – ၂ စက်ထည့်မွှေပြီး ဦးရေပြားအနှံ့ သေချာပွတ်လိမ်းပြီး Massage လုပ်နှိပ်နယ်ပေးပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ပေးပါ။ ဗောက်ထတာအပြင် ဦးရေပြား မှိုစွဲတာတွေပါ သက်သာစေတဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်နဲ့တံမာရွက်

ရှားစောင်းလက်ပတ်ရဲ့ အတွင်းသား Gel ကို စားပွဲတင်ဇွန်း ၂ ဇွန်းစာခြစ်ယူပါ။ ပြီးရင် တံမာရွက် ၁၅ ရွက်လောက်ကို ကြိတ်ပြီးတော့ နှစ်မျိုးရောမွှေပါ။ ပြီးရင် ဦးရေပြားအနှံ့ သေချာပွတ်ပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ရုံပါပဲ။

ငှက်ပျောသီး၊ သံပယိုရည်၊ ပျားရည်

ငှက်ပျောသီးတစ်လုံးကို ချေပြီးတော့ သံပယိုရည် နည်းနည်းထည့်ပါ။ ပြီးရင် ပျားရည်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်တော့ ဦးရေပြားအနှံ့ပွတ်လိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်တစ်ကြိမ်၊ ၂ ကြိမ် ပုံမှန်လုပ်ပေးရုံနဲ့ ဗောက်တွေ သက်သာပျောက်ကင်းစေပါတယ်။