ဝက်ခြံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ သူတွေအတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်ကလေးတွေ နည်းနည်း ဖော်ပြပေးမယ်နော်။ အလှအပပြုပြင်ပေးတဲ့ ဆေးခန်းတွေပေါ်ပေါက်လာပေမယ့် ဈေးကြီးပေးပြီးမှ မျက်နှာပေါ်က ဝက်ခြံပြဿနာက ပျောက်မယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။

မိန်းကလေးတွေမှာ ဝက်ခြံဖြစ်တတ်တဲ့အရွယ်တွေဟာ  အပျိုဖော်ဝင်စအရွယ်မှာဖြစ်ဖြစ် အရွယ်ရောက်ပြီးလို့ ဓမ္မတာလာတဲ့အချိန် တစ်လတစ်ခါမှာဖြစ်ဖြစ် ဝက်ခြံပြဿနာကို ရင်ဆိုင်ကြရပါတယ်။ ဝက်ခြံဟာ ဘက်တီးရီးယားပိုးမွှားကနေ ထုတ်ပေးတဲ့ အဆီဂလင်းကြောင့် ဖြစ်ပေါ်လာရတဲ့ အရေပြားရောင်ရမ်းခြင်းတစ်မျိုးပါပဲ။ ဝက်ခြံပြဿနာကို လက်ပြနှုတ်ဆက်နိုင်ဖို့ ဝက်ခြံပျောက်ကင်းစေမဲ့ သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

သွားတိုက်ဆေးကလည်း ဝက်ခြံတွေကို ဖယ်ရှားရာမှာ အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သွားတိုက်ဆေးအနည်းငယ်ကို ဝက်ခြံတွေပေါ်လိမ်းပေးပြီး ၁ ည သိပ်ထားပါ။ နေ့ဖက်မှာလည်း အသုံးပြုလို့ရပါတယ်။ နေ့ဖက်မှာ အသုံးပြုရင်တော့ ၁ နာရီခွဲလောက်ထားပါ။ ပြီးရင် မျက်နှာသစ်ရင် ဝက်ခြံဟာ အမာရွတ်မကျန်ခဲ့ပဲ ချပ်သွားပါတယ်တဲ့။ တစ်ချို့က ဆားဝက်ခြံကိုပါ ဒီလိုနည်းနဲ့ ဖယ်ရှားကြပါတယ်။

ဝက်ခြံကို ဖယ်ရှားတဲ့နေရာမှာ အထိရောက်ဆုံးနဲ့ အသုံးဝင်ဆုံး နည်းလမ်းကောင်းတစ်ခုက သံပုယိုသီးဖြစ်ပါတယ်။ သံပုယိုသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံကို အလျင်အမြန် ပျောက်ကင်းနိုင်ပါတယ်။

ရေခဲတုံးကို အဝတ်စနဲ့ အုပ်ပြီး ဝက်ခြံတွေပေါ် ကပ်ပေးရမှာဖြစ်ပါတယ်။ ရေခဲဟာ ဝက်ခြံကြောင့် ဖုရောင်နေတာတွေ လျော့သွားဖို့ အသုံးပြုနိုင်ပါတယ်။ ရေခဲ ကပ်ပေးတာဟာ သွေးလည်ပတ်မှု အားကောင်းစေနိုင်ပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျဉ်းစေပြီး အညစ်အကြေးကို သန့်စင်ပေးနိုင်သလို အဆီပြန်တာကိုလည်း သက်သာစေတဲ့အတွက် ဝက်ခြံထပ်ထွက်ဖို့ ခဲယဉ်းပါတယ်။

နောက်ဆုံးမမေ့မလျော့ပဲ ပြုလုပ်ပေးသင့်တာက ရေကို တစ်နေ့ ဖန်ခွက် ၈ ခွက်လောက် သောက်သုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်အပြည့်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ပျိုမေတို့ ကိုယ်ခန္ဓာအတွက်ရေဓာတ်ဖြည့်ပေးသလို ဖြစ်ပြီး  ကျန်းမာရေးလည်း ကောင်းမွန်မှာဖြစ်သလို ဝက်ခြံကင်းတဲ့ မျက်နှာကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Source: glamour.com