ဒူးခေါင်းမဲလို့ ဒူးဖြူချင်တဲ့သူတွေအတွက် သဘာဝနည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။ ချက်ချင်းဖြူလာမှာမျိုး မဟုတ်ပါဘူး။ ဒူးမဲတာက ဖြေးဖြေးချင်းစီ သက်သာပြီး အသားအရောင်ညီလာမှာပါ။

သကြားနဲ့သံလွင်ဆီ Scrub

သကြားကို ခွက်ရဲ့ ၃ ပုံ ပုံ ၂  ပုံစာထည့်ပြီး သံလွင်ဆီကိုတော့ ခွက်ရဲ့ ၃ ပုံ ပုံ ၁ ပုံစာ ထည့်ပြီးတော့ မွှေပေးပါ။ ပြီးရင် ဒူးခေါင်းကို စက်ဝိုင်းပုံစံ ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ စက္ကန့် ၃၀ လောက်ပွတ်ပေးပြီးရင် ချက်ချင်းရေဆေးချတာမျိုး မလုပ်ပဲနဲ့ ၅ မိနစ်ထားပါ။ ပြီးရင် ရေဆေးချပြီး lotion ပြန်လိမ်းထားပါ။

Baking soda နဲ့ သံပယိုရည်

Baking soda နဲ့ သံပယိုရည်ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး ဒူးခေါင်းကို ပွတ်လိမ်းထားပါ။ ၁ မိနစ်ထားပြီးမှ ရေဆေးချလိုက်ပါ။ တစ်ပတ်မှာ ၁ ကြိမ်၊ ၂ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ဒူးခေါင်းမဲတာ သက်သာလာမှာပါ။

ရှားစောင်းလက်ပတ်နဲ့ဒိန်ချဉ်

ရှားစောင်းလက်ပတ်ကို အထဲကအသားထဲတွေခြစ်ယူပြီး စားပွဲတင်ဇွန်း ၂ ဇွန်းစာ၊ ဒိန်ချဉ် ခွက်တစ်ဝက်စာနဲ့ ရောမွှေပါ။ ပြီးရင်တော့ ဒူးခေါင်းမှာလိမ်းပြီး ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ ထားနိုင်ပါတယ်။ အချိန်ပြည့်မှ ရေဆေးချပေးပါ။

နနွင်းမှုန့်နဲ့နွားနို့

နနွင်းမှုန့်နဲ့နွားနို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး ဒူးခေါင်းကို လိမ်းထားပါ။ မိနစ်ပိုင်းလောက်ထားပြီးမှ ရေဆေးချပေးရုံပါပဲ။

ခရမ်းချဉ်သီးနဲ့သကြား

Medium size အနေရှိတဲ့ ခရမ်းချဉ်းသီးတစ်လုံးကို ကြိတ်ပြီးတော့ သကြား စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင် ဒူးခေါင်းမှာပွတ်ပေးပါ။ ပွတ်ပြီးရင် ချက်ချင်းရေမဆေးချပဲ ၃ မိနစ်ကြာအောင်ထားပြီးမှ ရေဆေးချလိုက်ပါ။

Almond oil

အပေါ်ကနည်းလမ်းတွေအားလုံးကို အလုပ်ရှုပ်လို့ မလုပ်ချင်ဘူးဆိုရင်တော့ ညအိပ်ယာဝင်ခါနီးတိုင်း Almond oil ကို ဒူးခေါင်းမှာပွတ်လိမ်းပေးပါ။ ဒူးခေါင်းမဲတာ သက်သာစေပါတယ်။